ယင်းမာပင် သပိတ် အင်အားစုများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အဖြစ် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၁၇
ယင်းမာပင်မြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ် စစ်ကြောင်း၊ ရွှေဥက္ကံ၊ ယင်းမာပင်မြောက်ခြမ်းသပိတ်၊ ပြည်သူ့အားမာန်သပိတ်၊ မုံရွာပင်မသပိတ်၊တောင်ပုသွေးသပိတ် စသည့် သပိတ် အင်အားစုများ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။