နေပြည်တော်၊ လယ်ဝေးမြို့မရဲစခန်းနှင့် MICC 2 ဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု ရဲအုပ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁၈
နေပြည်တော်၊ လယ်ဝေးမြို့မရဲစခန်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ – MICC 2 ဂိတ်ပေါက်ကို ဗုံးကွဲ တိုက်ခိုက်ခဲ့ရာ ရဲအုပ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်) ခေါင်းဆောင် ဗိုလ်ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁၂ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်က လယ်ဝေးမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်မှုတွင် ရဲအုပ်တစ်ဦး၊ ရဲတပ်သားတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇဗ္ဗူသီရိမြို့နယ်ရှိ အကြမ်းဖက်စစ် ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အပေါင်းပါများ အခမ်းအနားကျင်းပလေ့ရှိသည့် မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ – ၂ (MICC 2) ၏ ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြို့ပြမှာ ရှေ့ဆက်လှုပ်ရှားဖို့ အခက်အခဲရှိနေပါတယ်၊ ရှေ့ဆက်နိုင်ဖို့ MOD အပါအဝင် ကူညီနိုင်သူ တွေကို ကူညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေ ပြည်တော်) ခေါင်းဆောင် ဗိုလ်ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့(နေပြည်တော်)၏ ရဲဘော် သက်နိုင်၊ ရဲ ဘော် ရဲနိုင်တို့ကို ဖမ်းဆီးခံရပြီး အငှားယာဉ်မောင်း ၂ ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း၊ ထိုသို့ ဖမ်း ဆီးခံရမှုအတွက် ကာယကံရှင်နှင့်မိသားစုအား တောင်းပန်အပ်ပါကြောင်း စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) ခေါင်းဆောင် ဗိုလ်ဇင်ယော်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရာတွင် မိမိအဖွဲ့၌ အရင်းအမြစ်များဖြင့်သာ တော်လှန်တိုက် ခိုက်နေရသဖြင့် အားနည်းချို့ယွင်းချက်များရှိခဲ့ပြီး နေပြည်တော်မြို့ပြတိုက်ခိုက်မှုများကို စွန့်လွှတ်ရ တော့မည်အခြေအနေနှင့်ရင်ဆိုင်နေရသဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်၊ အကူအညီများမရရှိခဲ့ပါက မကြာခင်ကာလ အတွင်း နေပြည်တော်မှ ဆုတ်ခွာရတော့မည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြ ပြောက် ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- နေပြည်တော်ရှိ လုံခြုံရေး အစောင့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်း ဖြစ်သည်)
Photo- AFP