30 C
Yangon

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အလှူအဖြစ် ကျောင်းသုံးထောက်ကူပစ္စည်းများ၊ မိုးကာများ၊ ဆိုလာနှင့် ရေကန်များလှူဒါန်း

Must read

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အလှူအဖြစ် ကျောင်းသုံးထောက်ကူပစ္စည်းများ၊ မိုးကာများ၊ ဆိုလာနှင့် ရေကန်များလှူဒါန်း

ရန်ကုန်၊ ဇွန် ၁၈

စစ်ကိုင်းတိုင်းအတွင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူအဖြစ် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိလှူဒါန်းမှုများ ပြုလုပ်နေပြီး ယနေ့ ဇွန် ၁၈ ရက်နေ့တွင် မီး​ဘေးသင့်​ကျောင်းသား​ကျောင်းသူ ၁၃ ဦး ​အတွက် ကျောင်းသုံးသင်​ထောက်ကူပစ္စည်းများ၊ ဒီပဲယင်းမြို့နယ် မိုခါ မုန်တိုင်းကြောင့်ဆုံးရှုံးမှုခံခဲ့ရသော တောင်သူဦးကြီးများအတွက် အိမ်ထောင်စု ၁၅၉ စု အတွက် မိုးကာများ၊ ​​ နွေဦးတွဲလက်များဟု အမည်​ပေးထားသည့် စစ်​ဘေးသင့်ပြည်သူ​တွေအတွက်​ ရေကန်​ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ရွှေဘိုခရိုင်,ဒီပဲယင်းမြို့နယ်အတွင်းရှိစစ်​​ဘေးသင့်မီးရှို့ခံခဲ့ရသည့် ကျေးရွာ​နေပြည်သူများအတွက် Solar Power Station စုစု​ပေါင်း ၂၁ စုံကိုလည်း ဇွန်လ ၁၈ ရက်နေ့တွင် ဒေါ်အောင်စုကြည်မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article