27 C
Yangon

ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ လှိုင်မြို့နယ် ၊ မြောက်ဥက္ကလာ၊ သာကေတတို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ

Must read

ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ လှိုင်မြို့နယ် ၊ မြောက်ဥက္ကလာ၊ သာကေတတို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၁၈

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ ၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပ၊ သာကေတ အပါအဝင် မြို့နယ် များတွင် ယနေ့ ည ၈ နာရီ ၅၀ ဝန်းကျင်မှစတင်၍ ဗုံးများ တစ်ပြိုင်နက် တည်းပေါက်ကွဲနေကြောင်း ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုချက်နှင့် ကင်းထောက်အဖွဲ့များ၏ သတင်း အချက် အလက်များအရ သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၁ မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှု ဇုန် ၁ အတွင်းတွင် အလွန်ကျယ်လောင် ပြင်းထန်သော ဗုံးပေါက်ကွဲသံ ကြားရကြောင်း လှိုင်သာယာစက်မှုဇုန် ၁ မှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လှိုင်သာယာစက်မှုဇုန် ၁ ထဲမှာ ဒီည ၈ နာရီ ၅၁ မိနစ်မှာ အရမ်းကိုကျယ်တဲ့ ဗုံးပေါက်ကွဲသံကြားရပါတယ်။ လှိုင်သာယာစက်မှုဇုန်ထိပ်မှာ ကားလမ်းကို ပိတ်ထားတယ်။ ဇုန် ၁ ဘက်အခြမ်းကို ပိတ်ဆို့ထားတယ်။ စစ်ခွေးရော ရဲခွေးရော စစ်ဖို့လုပ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

အလားတူ ယနေ့ည ၈ နာရီ ၄၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ မြောက်ဥက္ကလာပ သုနန္ဒာလမ်းဆုံတွင် စစ်ကားများရောက်ရှိနေကြောင်း၊ မြောက်ဥက္ကလာပမြို့တော်ခန်းမ နှင့်အ၀ိုင်း အနီး တွင်လည်း စစ်ကားနှင့်စစ်သားတချို့က အသင့်အနေထားရှိနေကြောင်း သိရှိရသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တွင်လည်း ယနေ့ည ၈ နာရီ ၅၁ မိနစ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲသံကတော့ အရမ်းကျယ်တော့ လန့်တောင်သွားတယ်။ ဘယ်နေရာလဲ အတိအကျမသိဘူး။ အိမ်ကနေ ကောင်းကောင်း ကြားရတယ် ဆိုတော့ လှိုင်နဲ့ မရမ်းကုန်းအစပ်ဘက်အခြမ်းမှာပဲပေါက်တာထင်တယ်။ အင်းစိန်လမ်းပေါ်မှာတော့စစ်ခွေးတွေ လှည့်နေတယ်ပြောတယ်” ဟု ဘုရားလမ်းမှတ်တိုင်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ထို့အတူ တောင်ဒဂုံမြို့နယ်တွင် ယနေ့ည ၈ နာရီ ၅၃ မိနစ်အချိန်တွင် လည်း ကောင်း၊ ယနေ့ည ၉ နာရီ ၉ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

အလားတူ သာကေတမြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံတစ်ချက် အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညအချိန် စစ်ဆေးရေးလုပ်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article