30 C
Yangon

ကလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီး ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး

Must read

ကလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီး ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပန်းပန်ထားတဲ့အမျိုးသမီး နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဒီကနေ့ ဇွန် ၁၉ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကလေးမြို့၊ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ပန်းပန်စျေးရောင်းနေကြတဲ့ လမ်းဘေးစျေးသည်တွေကို ပန်းပန်ထားလို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးပြီး ကားတစီးနဲ့ရဲစခန်းကိုခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

” ကားငါးစီးလောက်နဲ့လာတာ။ ရဲတွေက လမ်းပေါ်ဆင်းဖမ်းပြီး တင်ခေါ်သွားတာ။ စစ်သားတွေကတော့ကားပေါ်ကမဆင်းဘူး” လို့ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဗိုလ်ချုပ်လမ်းဘေးမှာ မိုးမလင်းစျေးရောင်းတဲ့စျေးသည်တွေကအများစုဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူနှစ်ဆယ်ဝန်းကျင်ရှိပြီး အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးပါဘူး။

” ပန်းပန်တဲ့သူတွေဖမ်းတယ်။မြို့ထဲမှာလည်း မနက်ပိုင်းစစ်ဆေးရေးကြမ်းတယ်။ ရွာဘက်တွေကိုလက်နက်ကြီးတွေနဲ့ထုတယ်။ ပြည်သူကိုအကြောက်တရားသွင်းတဲ့အလုပ်တွေလုပ်နေတာပါပဲ” လို့ ​ဒေသသတင်းရင်းမြစ်က ​ပြောပါတယ်။

ဓါတ်ပုံ- စစ်ကိုင်းတိုင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမူတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article