28 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ပြီး စစ်ရှောင်ကလေးများကို ကြာဇံဟင်းခါးဖြင့် ကျွေးမွေး

Must read

ဒီပဲယင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ပြီး စစ်ရှောင်ကလေးများကို ကြာဇံဟင်းခါးဖြင့် ကျွေးမွေး

ရန်ကုန်၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူများကို ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ပန်းသပိတ်ပါ ပြုလုပ်ခဲ့ကြောင်း၊ စစ်ရှောင်ကျောင်းမှ ကလေးငယ်များအတွက် ဗလာမပါ ကံစမ်းမဲ ၂၀၀ ကိုလည်း မဲဖောက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့တွင် S&C တာဝန်များကို နေ့ ရောညပါကြိုးစားလုပ်ကိုလျက်ရှိသူ ၅ ဦးကို S&C မှ ရွှေရင်ထိုးများကိုလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article