27 C
Yangon

ရန်ကုန်လေဆိပ် လုံခြုံရေးအမှုဆောင်အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင် လုပ်ကြံခံရမည် စိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာ နေအိမ်သို့ ပြန်လည် နေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့

Must read

ရန်ကုန်လေဆိပ် လုံခြုံရေးအမှုဆောင်အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင် လုပ်ကြံခံရမည် စိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာ နေအိမ်သို့ ပြန်လည် နေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ရန်ကုန်၊ ဇွန် ၂၀

ရန်ကုန်လေဆိပ် လုံခြုံရေးအမှုဆောင်အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်သည် လုပ်ကြံခံရမည်ကိုစိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာနေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အေးရှားဝေါလ်ကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ် ၁ ၊ အမှတ်(၂၀) နေအိမ်တွင် နေထိုင်သော ဗိုလ်မှူးဟောင်း ရဲခိုင်သည် ကားဖြင့် နေအိမ် ပြန်လာစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သူက အခု Yangon Aerodrome Company Limited မှာ Board of Director အဖြစ် ရာထူးတက်ထားတာ မကြာသေးဘူး။ Yangon Aerodrome Company Limited က အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်ပြီးတော့ ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲလုပ်ကိုင်နေတာပါ။ နာမည်အရမ်းထွက်လို့ သူက ရှောင်နေတာ ၆ လ ၁ နှစ်လောက်ရှိမယ်။ အဲဒီကမှ သူ့အိမ်မှာ ပြန်နေတာ မကြာသေးဘူး။ ဒေါက်တိုင်လားဆိုတော့ စစ်တပ်နဲ့ သူ ပူးပေါင်းပြီး အလုပ်လုပ်နေတာက အတည်ပြုလို့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ရဲခိုင်ကို ပစ်ခတ်ခဲ့သော ရန်ကုန်မြို့ပြ ပြောက်ကျား Urban Owls အဖွဲ့ကမူ ဗိုလ်မှူးဟောင်း ရဲခိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်း လေ တပ် အရာရှိ ဦးဖြစ်ကြောင်း၊ စစ်တပ်၏ စီးပွားရေး ဒေါက်တိုင်ဖြစ်သော ရန်ကုန် လေဆိပ်ကို တာဝန်ယူ လုပ်ကိုင်နေသော အေးရှားဝေါလ် ပိုင်ရှင် ထွန်းမြင့်နိုင်၏ လူယုံတစ်ဦးလည်းဖြစ်ကြောင်း၊ အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ လူယုံ တပည့်လည်းဖြစ်ကြောင်း ၊ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်လေဆိပ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို ပိတ်ဆို့ စစ်ဆေး ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့မဟုတ်) အလုပ် လုပ်ရန် ထွက်ခွာမည့်သူများကို ငွေညှစ် အနိုင်ကျင့်ခြင်း၊ ပြည်သူ့ဘက်မှ ရပ် တည်သော အနုပညာရှင်များကို ဖမ်းဆီးခြင်း၊ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများကို ငွေညှစ် ဓားပြ တိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်သူဖြစ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ဇေကမ္ဘာဝင်း တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးခဲ့ပြီး ဧည့်စာရင်း စစ်ခဲ့ကြောင်း၊ သို့ရာတွင် ပစ်ခတ်သူ သေနတ်သမားများကို ဖမ်းမိခြင်းမရှိသေးဘဲ ဇေကမ္ဘာဝင်းအတွင်းမှ CCTV များကို လိုက်လံ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article