ရန်ကုန်၊ မတ် ၈
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို PDF ကျောက်ထုနှင့် CDF မင်းတပ် ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးကို ရဟတ် ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း ကျောက်ထု PDF က ပြော သည်။
မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကျောက်ထုရဲစခန်းမှမြို့ထဲသို့ ပတ်ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့ နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး စစ်သား ၈ ဦးခန့် မိုင်းထိခိုက်ဒါဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။
ထိုအချိန် ကျောက်ထုရဲစခန်းမှ စစ်ကူ မလာနိုင်စေရန် ကျောက်ထု PDF လက် နက်ကြီးတပ်ဖွဲ့က ကျောက်ထုမြို့မရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပေးခဲ့ကြောင်း၊ စခန်းတွင်းထိခိုက်ကျဆုံးမှုများအခြေအနေ မသိရသေးဟု ကျောက်ထု PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနောက် ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ခေါက်တွင် စစ်သား အကူများ နှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒါဏ်ရာရ စစ်သားများကို ကိုခေါ်ဆောင်သွားကြောင်း၊ ကျောက်ထုအမြှောက်တပ်ထဲမှလည်း တင့်ကားနှစ်စီး ကျောက်ထုဘဏ်ရုံးနားတွင်ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြသည့်အပြင် ကျောက်ထုမြို့အတွင်း ရမ်းသမ်းပစ်ခတ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ယောက်နှင့် အမျိုးသား၂ ယောက်ကိုလည်း ဖမ်းဆီးသွားကြောင်း ကျောက်ထု PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- ကျောက်ထုသို့ ယနေ့ စစ်ရဟတ်ယာဉ် ဆင်းသက်လာစဉ် ။