30 C
Yangon

ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီး

Must read

ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇွန် ၂၁

ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ တံခွန်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။

ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၃၂ မိနစ်ခန့်တွင် အမတ ၃၁၈ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီး ၁ လုံးဖြင့် ကေအဲန်ယူ – ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ပြီး တံခွန်တိုင်ကျေးရွာ အမှတ် ၁ ရပ်ကွက်နေရှိ နေအိမ် ၁ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့​ကာ ပြည်သူပိုင် ပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိသည်။

တံခွန်တိုင် ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်များက ၂၀၂၃ ခုနှစ် နွေရာသီ မှ စ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက် အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် တံခွန်တိုင်ကျေးရွာအုပ်စု အတွင်း နေထိုင်သည့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကာ နေအိမ် ၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article