မြောက်ဥက္ကလာပ၊ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရမှုကို ခလရ ၂၀၄ တပ်ရင်း မှ ဗိုလ်ကြီးထူးဇော်ဝင်း၏ ယောက်ဖနှင့်တူတို့ ဦးဆောင်ပါဝင်
■ စစ်တပ်ထုတ်ပြန်ထားသကဲ့သို့ ဓားပြမှုကျူးလွန်သူများမှာ တွံတေး PDF တပ်ဖွဲ့ဝင်များမဟုတ်ဘဲ ပြည်သူအထင်အမြင်လွဲစေရန် စစ်ကောင်စီက အကွက်ချလုပ်ဆောင်
ရန်ကုန်၊ ဇွန် ၂၂
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ် မောင်”စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှု ကျူးလွန်သူများတွင် ထားဝယ် မြို့အခြေစိုက် ခလရ ၂၀၄ တပ်ရင်းမှ ဗိုလ်ကြီးထူးဇော်ဝင်း၏ တူဖြစ်သူ၊ ယောက်ဖ ဖြစ်သူတို့က ဦးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာ ဝီ လမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီးနောက် ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့ကို စစ်တပ်က နေ့ချင်းပြီး ဖမ်းဆီးကာ တွံတေး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု လိမ်လည်သတင်း ထုတ်ပြန်ခဲ့ ကြောင်း၊ ယင်း ဓားပြတိုက်သူများသည် တွံတေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များမဟုတ်ဘဲ ထားဝယ်မြို့အခြေစိုက် အမှတ် ၂၀၄ ခြေလျင် တပ်ရင်း မှ ဗိုလ်ကြီးထူးဇော်ဝင်း၏ တူဖြစ်သူ ကောင်းထက်စံ(ခ) တရုတ်ကြီး၊ ယောက်ဖ ဖြစ်သူ ဖြိုးကိုကို တို့က ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။
“တရုတ်ကြီးဆိုတဲ့ လူငယ်နဲ့ ဖြိုးကိုကိုက ထားဝယ်အခြေစိုက် ခလရ ၂၀၄ တပ် ရင်း က ဗိုလ်ကြီးထူးဇော်ဝင်းရဲ့ အမျိုးတွေ၊ တူနဲ့ယောက်ဖ။ အခင်း ဖြစ် တဲ့ အချိန် မှာကတည်းက မြောက်ဥက္ကလာပ ဝေဘာဂီ ၂ ရပ်ကွက်က ရပ် ကွက် သူ ရပ်ကွက်သားတွေအားလုံး သိပါတယ်။ သူတို့က စစ်တပ် အမျိုး အနွယ် တွေ ဆိုတာကို။ ဓားပြတိုက်တဲ့သူတွေထဲမှာပါဝင်သူတွေမှာ စစ်တပ် အမျိုး အနွယ် တွေ ပါကတည်းက လုပ်ဇတ်လား တကယ်လား ချင့်ချိန်ကြည့်ပါ။ ဝေဘာဂီ ၂ ရပ်ကွက်မှာလည်း ဗိုလ်ကြီးထူးဇော်ဝင်းအကြောင်း မေးလို့ ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် မြတ်မောင် စိန်ရွှေရတနာဆိုင် ဓားပြတိုက်လုယက်ခံရမှု ဖြစ်စဉ်တွင် ဖမ်း ဆီးခံရသူများမှာ စစ်ကောင်စီက ထုတ်ပြန်သကဲ့သို့ PDF Twantay (တွံတေး ပကဖ)တွင် ပါဝင်ခြင်းမရှိသည့်အပြင် မည်သို့မျှမသက်ဆိုင်ပါကြောင်း၊ စစ်ကောင်စီက မဟုတ်မမှန် လုပ်ကြံ ထုတ်ပြန်ချက်များဖြစ်ကြောင်း၊ PDF Twantay ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့ အောင်တို့က ဓားပြတိုက်ရန်လက်နက်များ ပေးအပ်ခဲ့သည်ဟု စစ်တပ်၏ ထုတ် ပြန်ချက် မဟုတ်မှန်ကြောင်း တွံတေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် တွံတေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြတ်မောင် ရွှေဆိုင် ဓားပြမှုတွင် ဖမ်းဆီးခံထားရသူများသည် PDF အဖွဲ့ဝင်များ မဟုတ်သလို အဖွဲ့ခေါင်းဆောင်များက လက်နက်ပေး၍ ဓားပြတိုက်ခိုင်း သည် ဟု ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ၊ ယင်းကဲ့သို့ စွပ်စွဲခြင်းသည် တွံတေး မြို့နယ်တော်လှန်ရေးအင်အားစုများ ပြိုလဲပျက်စီးစေရန်နှင့် အများပြည် သူ အထင်အမြင်လွဲမှားစေရန် တော်လှန်ရေး ပုံဖျက်နေခြင်း ဖြစ်ကြောင်း ဗိုလ်တွံ တေး က ပြောဆိုသည်။
