26 C
Yangon

အမေရိကန်စီးပွားရေးပိတ်ဆို့မှု အသစ်ကြောင့် ပြည်တွင်းစီးပွားရေးစျေးကွက် စတင် ကသောင်းကနင်းဖြစ်ချိန် သမ္မတဦးဝင်းမြင့် ကွယ်လွန်ပြီဆိုသော ကောလဟလများ စစ်တပ်အသိုင်းအ၀ိုင်းဘက်မှ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်

Must read

အမေရိကန်စီးပွားရေးပိတ်ဆို့မှု အသစ်ကြောင့် ပြည်တွင်းစီးပွားရေးစျေးကွက် စတင် ကသောင်းကနင်းဖြစ်ချိန် သမ္မတဦးဝင်းမြင့် ကွယ်လွန်ပြီဆိုသော ကောလဟလများ စစ်တပ်အသိုင်းအ၀ိုင်းဘက်မှ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်

ရန်ကုန်၊ ဇွန် ၂၂

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ လိုက်မှု၏ နောက် ဆက် တွဲ ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်း ကသောင်းကနင်း ဖြစ် လာ ချိန်နှင့် တိုက်ဆိုင်၍ သမ္မတဦးဝင်းမြင့် တောင်ငူထောင်တွင် ကွယ်လွန်ပြီ ဆို သော ကောလဟလ သတင်းမှားများကို စစ်တပ်အသိုင်းအ၀ိုင်းနှင့် စစ် တပ် လော်ဘီများဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လာကြောင်း စုံစမ်း သိရှိရသည်။

“သမ္မတ ဦးဝင်းမြင့် ကွယ်လွန်ပြီဆိုပြီး သတင်းမှားတွေ ထုတ်နေတယ်။ ခိုင်မာ တဲ့ သတင်းရင်းမြစ်က ပြောတာက လုံးဝ ( လုံး၀ ) သတင်းအမှား သာဖြစ် ပါတယ်။ သက်ဆိုင်တဲ့ အကျဉ်းဦးစီးဌာနနဲ့ တောင်ငူထောင် ဘက်ကို လည်း မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးပြီ။ သတင်းအမှားဆိုတာ အတည် ပြုနိုင် တယ်” ဟု NUCC မှ နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း သမ္မတဦးဝင်းမြင့် ကွယ်လွန် ပြီဆို‌သော သတင်းများကို စစ်တပ်အသိုင်းအဝိုင်းနှင့် လော်ဘီများမှတဆင့် ယခု နံနက်ပိုင်းတွင် စတင််ပြန့်လာကြောင်း ပြောဆိုသည်။

“သိသလောက်တော့ သတင်းက မဟုတ်မှန်တာ အတည်ပြုလို့ရတယ်။ ဘာ သတင်းကို ဖုံးဖိဖို့ ဒီလို သတင်းအမှားတွေကို လဒတွေ ထုတ်နေလဲမသိဘူး” ဟု NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

သမ္မတဦးဝင်းမြင့်သည် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ် နှောင်မှုကြောင့် တောင်ငူထောင်တွင် အကျဉ်းကျခံနေရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article