27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ကျေးရွာနှင့် ရွှေအင်းလေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

Must read

ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ကျေးရွာနှင့် ရွှေအင်းလေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ကျေးရွာနှင့် ရွှေအင်းလေး ကျေး ရွာ ကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က သိမ်တော်နှင့် ရွှေအင်းလေးရွာများတွင် နေရာ ၄ နေရာခွဲ၍ မီးတင်ရှို့နေပြီး မီးခိုးများအကြီးအကျယ်တက်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ မီးဝင်ရှို့ခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။

“ရှို့တာကတော့ ဒီအတိုင်းဝင်ရှို့တာ။ ဘာမှလည်း တိုက်ပွဲမရှိဘူး။ ပြည်သူ တွေက ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြည်သူတွေ ဖမ်းဆီး ခံရတယ် ဆိုတာမျိုးတော့ မကြားမိသေးဘူး” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် ညောင်ပင်ကြီးရဲစခန်းကို PDF တပ်များက ဝင် ရောက် တိုက်ခိုက်ပြီးနောက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာအပါအဝင် အနီး ပတ်ဝန်းကျင်ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ တောက်လျှောက် ဆိုသ လို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article