ဖားဆောင်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး
■ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ BGF တပ်ရင်း ၂ ခုက PDF များ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ်ကို ပြန်တိုက်နေမှု အရှိန်မြင့်လာ
ရန်ကုန်၊ ဇွန် ၂၄
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲ ခရိုင်၊ ဖားဆောင်းမြို့နယ်၊ သံလွင်မြစ် အရှေ့ ဖက်ကမ်းသို့ စစ် ကြောင်းထိုး ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ ဖားဆောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး ဖားဆောင်းမြို့နယ်၊ ကျောက်ပိန်းညို ကျေး ရွာသို့ ဝင်ရောက် တပ်စွဲ နေ သော အကြမ်းဖက်စစ်သားများကို ဘောလခဲ ခရိုင် ပူး ပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်း ပြည်သူ့ ကာကွယ်ရေးတပ် အမှတ်-1108 နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105 မှ ပြန် လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်စစ်ကြောင်းမှာ သံလွင်တံတား၊ ဖား ဆောင်း မြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ဆုတ်ခွာစဉ် လက် နက်ကြီး အများအပြားဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မယ်စဲ့ဘက်ကို စစ်ကူသွားတဲ့စစ်ကြောင်းဗျ၊ ကျနော်တို့က တိုက်လိုက်လို့ ပြန် ဆုတ် သွားတာ၊ လော လောဆယ်တော့ သူတို့ တံတားထိပ်မှာရှိနေသေးတယ်၊ ထပ်ထိုးလာမလားဆိုတာတော့ စောင့်ကြည့် ရအုံးမယ်၊ တိုက်လေယာဉ်နဲ့က သုံးလေးကြိမ်လောက်လာကျဲသွားတယ်၊ တစ်လုံးက သူတို့လူတွေပေါ်သူတို့ ပြန်ကျဲချမိတယ်၊ သံလွင်တံတားထိပ်နဲ့ ကျောက်ပန်းညိုကြားထဲမှာ တိုက်ပွဲ ဖြစ်တာ၊ တိုက်ပွဲဖြစ်နေတဲ့ အချိန် မှားကျဲချလိုက်တာ၊” ဟု ဖားဆောင်း PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန်လ ၂၁ ရက် နေ့တွင် ယင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ သံလွင်တံတား ထိပ်ရှိ တောင်ယာခင်းများအတွင်း တပ်စွဲထားသော ထပ်မံတိုက်ခိုက်ခဲ့ရာ န့နက် ၉ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးပစ်ကူအများအပြား အသုံးပြုခဲ့ သည့်အပြင် လေကြောင်းမှ တစ်ဆင့် လေးကြိမ် ဗုံးကျဲတိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။
“လေယာဉ်မှားကျဲချတာကတော့ စစ်ခွေးတွေ ဘယ်လောက်သေလဲ အတည် မပြုနိုင်ဘူး၊ တိုက်ပွဲတစ်ပွဲလုံး ခြုံငုံလိုက်ရင်တော့ အနည်းဆုံး ၁၀ ယောက် တော့ကျမယ်၊ ထိခိုက်ဒဏ်ရာရတာတော့ တော်တော်ကိုများ တယ်၊ နောက်ရက် တွေမှာလည်း ရဟတ် ယာဉ်တွေ သွားသွားလာလာလုပ်တာတွေက သူတို့တပ် တွင်း မိ သားစုတွေ ရွှေ့တာလို့ ပြောသလို တစ်ချို့တွေကလည်း ဒဏ်ရာရ စစ်ခွေးတွေလည်း ဖြစ်နိုင်တယ်” ဟု ဖား ဆောင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်တပ်ကို တိုက်ခိုက်ရာတွင် မြေပြင်စစ်ကြောင်းအပြင် ဒရုန်း များ ပါ အသုံးပြုတိုက်ခိုက် ခဲ့ပြီး ယင်းတိုက် ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများ အပြား ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဘော် ၆ ဦး မစိုးရိမ်ရုဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဖားဆောင်းPDF (အမှတ်- ၁၁၀၈)၊ ဘောလခဲPDF (အမှတ်-၁၁၀၅) တို့ပါ၀င် သော ဘောလခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်း နှင့်အတူ အလယ်ပိုင်းတိုင်းကယား စစ်ဒေသတပ်ရင်း များဖြစ်သည့် Loikaw PDF အမှတ်-1103၊ အမှတ်-1101၊ အမှတ်-1102၊အမှတ်-1104၊ အမှတ်-1106၊ အမှတ်- 1107 တပ်ရင်းနှင့် ERO အဖွဲ့တစ်ဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ Drone တပ်ဖွဲ့များမှာ Falcon Win နှင့် ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့ များပါဝင်ခဲ့ကြောင်း သိရသည်။
“ERO အဖွဲ့တစ်ဖွဲ့ ပါဝင်တယ်ဆိုတာက BGF တပ်ရင်း ၂ ရင်းလို့လည်း ပြောလို့ ရတယ်၊ ကလလတ တပ် ရင်းလို့လည်းပြောလို့ရတယ်၊ BGF တပ်ရင်းကနေ ကလလတ မိခင်တပ်ရင်းဆိုပြီး ပြန်ထိုင်နေလိုက်ပြီဆို တော့၊ သူတို့က ကူပေး နေတာကတော့ ဟိုးအရင်ကတည်းကူပေးနေတာပါ၊ သူတို့က တရားမဝင်လုပ် သေးတဲ့အချိန်မှာ ဘာမှ ပြောလို့မရသေးတာပေါ့၊ ဒီဘက်မှာရှိတဲ့ ကလလတ တော့ အကုန်လုံးပါတယ်ဗျ၊ အဖွဲ့အစည်းသဘောထားအရတော့ အကုန်လုံးပါပြီ၊” ဟု ဖားဆောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ဓာတ်ပုံ- ဖားဆောင်း PDF တပ်ဖွဲ့ဝင်များ။