26 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ ကင်းလှည့်ရဲကားကို ပစ်ခတ်မှု ဒုရဲ အုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းပြီးသေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာ အပြင်းအထန်ရ

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ ကင်းလှည့်ရဲကားကို ပစ်ခတ်မှု ဒုရဲ အုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းပြီးသေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်၊ ဇွန် ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကရန်ရဲစခန်းမှ ကင်းလှည့်ရဲကား ယမန်နေ့ ပစ်ခတ်ခံရပြီး ဒုရဲအုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့် တို့ ပွဲချင်းပြီးသေဆုံးကြောင်း ရဲကြေးနန်းအရ သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် စစ် အောင်သူထွန်းဦးစီးသော အင် အား ၅ ဦးပါ ယာဉ်အမှတ် 4K 1120 NISSAN NOTE အမျိုးအစား ကင်းလှည့် အဖြူရောင် ယာဉ်သည် မောင်းမကန်ရွာအတွင်းမှ နယ်မြေသတင်းစုံစမ်း ၍ မောင်းမကန်ရွာဘက်မှ ရဲစခန်းသို့ပြန်လာစဉ် ရဲစခန်းမရောက်မီ ကိုက် ၂၀၀ ခန့်တွင် PDF တပ်များက တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် စစ်အောင်သူထွန်းတွင် ဝဲဦးခေါင်းကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံး ခဲ့ကြောင်း၊ ရဲတပ်ကြပ်ကြီး ရဲညွန့် မှာလည်း ဝဲနားထင်အနီး ကျည် ဖောက် ဝင်ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ကြောင်း ၊ ကျန်ရဲ ၃ ဦးမှာ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသို့ မောင်းမကန်နယ်မြေရဲစခန်းမှူး ရဲအုပ် ဦးဆောင်သော အင်အား ၇ ဦးခန့်က စစ်ကူ သွားရောက်ပြီး ဒဏ် ရာ အသီး သီးရရှိထားသော ရဲ ၃ ဦးနှင့် သေဆုံးသွား သော ရဲ ၂ ဦး၏ အလောင်းကို ပြန်လည်သယ်ယူခဲ့ကြောင်း ရဲကြေးနန်းအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article