27 C
Yangon

လောင်းလုံးနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်

Must read

လောင်းလုံးနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ ဇွန် ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ကင်းလှည့်လာသည့် အကြမ်းဖက် စစ်သားများက ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများ ထံမှ သိရသည်။

ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မောင်းမကန်ရွာသား ၃ ဦးသည် ရွာလမ်းထဲ၌ ထိုင်နေစဥ် အရပ်ဝတ်ဖြင့် ကင်းလှည့်နေသည့် စစ်သားများက ရွာသားများကို စစ်ဆေးရန် လှမ်းခေါ်စဥ် ပြည်သူများက စစ်သားမှန်း မသိဘဲ လှည့်ထွက်သွားသောကြောင့် စစ်သားများ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်သားများ ပစ်ခတ်ခဲ့သည့် အမျိုးသားသည် ဝမ်းဗိုက်နှင့် နောက်ကျောတွင် ကျည်ဆံ ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ညပိုင်းတွင် ထားဝယ်ဘက်မှ အရေးပေါ်ကား ရောက်လာကာ ထားဝယ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း၊ ဆေးရုံရောက်ကတည်းက သွေးထွက်လွန်နေပြီး ဇွန် ၂၄ ရက်နေ့တွင် သေဆုံးသွားကြောင်း ဒေသပြည်သူများက အတည်ပြု ပြောကြားသည်။

ထို့ပြင် ဇွန်လ ၁၆ရက်နေ့ကလည်း တနင်္သာရီမြို့နယ်တွင် ဥယျာဥ်ခြံမှ ပြန်လာသည့် အသက် ၂၀ ကျော်အရွယ် ကိုသားချောကိုလည်း အကြမ်းဖက်စစ်ကောင်စီဝင်များက ပစ်သတ်ခဲ့သေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ကိုသားချောနှင့် အမျိုးသား ၁ ဦးတို့ ဇွန်လ ၁၆ ရက်နေ့တွင် ဥယျာဉ်ခြံမှ ပြန်လာစဉ် တနင်္သာရီမြို့ကြေးရုပ်အနီး စစ်ဆေးနေသည့် စစ်ကောင်စီဝင်များက တားဆီး၍ ကိုသားချောကို ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ပစ်သတ်ခံရသည်ကို မသိရှိသော်လည်း ကိုသားချောမှာ ကွမ်းသီးခြံလုပ်ငန်းများ လုပ်ကိုင်နေသည့် သာမန်အရပ်သားတစ်ဦးသာဖြစ်ကြောင်း ဒေသပြည်သူများက အတည်ပြု ပြောကြားသည်။

ကိုသားချောနဲ့ အတူ တားဆီးစစ်ဆေးခံရသည့် အမျိုးသားမှာမူ လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article