ရန်ကုန်၊ မတ် ၉
ရန်ကုန်နည်းပညာတက္ကသိုလ်ဂိတ်ပေါက်ဝတွင် “ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး” “RIT သမိုင်းမရိုင်းစေရ” ဟူသောစာတန်းများချိတ်ဆွဲ၍ မတ်လ ၈ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြသည်။
သွေးစွန်းပညာရေးကိုလည်ပတ်နေသော တက္ကသိုလ်ဆိုင်းဘုတ်ကို ဆေးနီပတ်ဖြန်းခဲ့ပြီး ထို့နောက် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျည်ထိမှန်ကျဆုံးခဲ့ရာ နေရာနားတွင်လည်း လွမ်းသူ့ပန်းခွေနှင့် သမဂ္ဂခွပ်ဒေါင်းအလံချကာ အလေးပြုခဲ့ကြကြောင်း၊ ထိုလှုပ်ရှားမှုကို ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် တကသများ(ရန်ကုန်)တို့ ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့်နှစ်ပတ်လည်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုဖုန်းမော်သည် စစ်ဘီလူးကောင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ်လ(၁၃)ရက်နေ့၊ ၁၉၈၈ခုနှစ်တွင် တက္ကသိုလ်ဝင်းအတွင်းကျဆုံးခဲ့ရခြင်းဖြစ်သည်။