27 C
Yangon

မြောင်တွင် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် ၄ မှ စခန်းမှူး ဗိုလ်စာကလေး ကို စစ်တပ်က ဖမ်းဆီးသွားမှု သွားရောက် ကယ်ဆယ်ရင်း သားဖြစ်သူ အပါအဝင် PDF ရဲဘော ၄ ဦးကျဆုံး၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှလည်း ၂ ဦးသေဆုံး

Must read

မြောင်တွင် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် ၄ မှ စခန်းမှူး ဗိုလ်စာကလေး ကို စစ်တပ်က ဖမ်းဆီးသွားမှု သွားရောက် ကယ်ဆယ်ရင်း သားဖြစ်သူ အပါအဝင် PDF ရဲဘော ၄ ဦးကျဆုံး၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှလည်း ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် ၄ မှ စခန်းမှူး ဗိုလ်စာကလေးကို စစ်တပ်က ဖမ်းဆီးသွားသည့် အတွက် သားဖြစ်သူ အပါ အ ဝင် PDF တပ်ဖွဲ့များက သွားရောက်ကယ်ဆယ်ရာမှ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မြောင်ဒေသမှ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ စစ်ကောင်စီတပ်သားများက ပရိမ္မကျေးရွာသို့ တိတ်တဆိတ် စစ် ကြောင်းထိုး ၀င် ရောက်လာခဲ့ပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် ၄ မှ စခန်းမှူး ဗိုလ်စာက လေး ခေါ်(ဆရာသက်ခိုင်)ကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံ ရ သော စခန်းမှူး ဗိုလ်စာကလေးကို ပြန်လည် ကယ်ထုတ်နိုင်ရန်အတွက် စစ် တပ် စစ်ကြောင်းကို ပရိမ္မကျေးရွာမှ ကျောက်ရစ်စခန်းသို့အပြန် တောချောင်း လေးကျေးရွာထဲတွင် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) နှင့်အတူညီနောင်မဟာမိတ်တပ်များ ဖြစ်ကြ သော မိတ္ထီလာခရိုင်တပ်ရင်းအမှတ် – ၂၊ မြင်းခြံခရိုင်တပ်ရင်း – (၈)တို့က လက်နက် ကြီး ၊ လက်နက််ငယ် များ ၊ မိုင်းပွိင့်များဖြင့်စောင့် ကြိုတိုက် ခိုက် ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခဲ့ရာ တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်သဖြင့် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် ၄ မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့ဖြစ်သော မိတ္ထီလာခရိုင်တပ်ရင်း-၂ မှ ရဲဘော် တစ်ဦးလည်းကျဆုံးခဲ့ရကြောင်း၊ မတရားဖမ်းဆီးခြင်းခံခဲ့ရသော စခန်းမှူး (ဆရာသက်ခိုင်)ကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း၊ စုစုပေါင်း တော်လှန် ရေး ရဲဘော် ၄ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

” စခန်းမှူး ဗိုလ်စာကလေးကို စစ်တပ်က ဖမ်းသွားတော့ သားဖြစ်သူနဲ့ တော် လှန်ရေးတပ်တွေက လိုက်ကယ်တာ။ အဲဒီမှာ ဗိုလ်စာကလေးကိုလည်း စစ် တပ်က သတ်ဖြတ်သွားသလို သားဖြစ်သူလည်း လက်နက်ကြီးထိပြီး ကျဆုံး တယ်။ ကျန်တဲ့ အခြား ရဲဘော် ၂ ဦးလည်း ကျဆုံးပါတယ်။ အဖေပါ လို့သားက လိုက်ကယ်ရင်းသားပါကျသွားခဲ့တာ” ဟု မြောင်ဒေသမှ တော်လှန်ရေး သတင်း ရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article