ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျုစောထီးကျေးရွာသို့ ရိက္ခာနှင့်လက်နက် ခဲယမ်း လာပို့သည့် စစ်တပ်ကုန်တင်ရေယာဉ် ၃ စီးကို တိုက်ခိုက်မှု ၁ စီးနစ် မြုပ် ပြီး စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျုစောထီးကျေးရွာသို့ ရိက္ခာ နှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်တပ်ကုန်တင်ရေယာဉ် ၃ စီးကို တိုက်ခိုက်ရာ ရေယာဉ် ၁ စီး နစ်မြုပ်ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း မုံရွာခရိုင် တပ်ရင်း – ၁၂ တပ်ခွဲ -၃ မှ တပ်ခွဲမှူး မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန် စစ်ကောင်စီတပ်၏ ကုန်တင် မော် တော်ရေယာဉ် ၃ စီးသည် ချောင်းဦးမြို့နယ် ကံကြီးကုန်း (ပျူစောထီး) ကျေးရွာသို့ ရိက္ခာနှင့် ခဲယမ်း ပို့ဆောင်ရန် မုံရွာ န.မ.ခ မှ ချင်းတွင်းမြစ် ကြောင်း အတိုင်း စုန်ဆင်းလာစဉ် မဟာမိတ်တပ်များကို ကြားဖြတ်တိုက်ခိုက်ကြောင်း၊ စစ်တပ်၏ ရေယာဉ် ၃ စီးကို ရှေ့ထွက်မိုင်း ၉ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး နောက် ၃၀ မိနစ် ကျော်ကြာသည်အထိ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်က ၆၀ မမ ၊ စက်လက်ကြီး စသည့် လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် တရစပ် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျေးရွာများ ဘက် သို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး၏ သိုး၊ဆိတ် ၇ ကောင် ထိမှန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။
တော်လှန်ရေး မဟာမိတ် ရဲဘော်များက ပစ်ခတ်သော ရှေ့ထွက်မိုင်းများ ထိမှန်၍ စစ်တပ်၏ ကုန်တင်ရေယာဉ် ၁ စီး ဆင်ဖြူရှင်တံတားအနီး တွင် နစ်မြုပ်သွားခဲ့ကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ် ခွဲ-၃ )၊ ငမိုးရိပ်စစ်ကြောင်း(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း) ၊ မီးတောက် တပ်ခွဲ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း၊ တပ်ခွဲ -၄) ၊ရန်ရှင်း ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
