30 C
Yangon

ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျစဉ် ပျက်စီးသွားသော ကား ၃ စီး မှာ ရဲ ၂ ဦး နှင့်ဥပဒေအရာရှိ စိုးမိုးတို့ သယ်ဆောင်မောင်းနှင် လာ သော လိုင်စင်မဲ့ကားများဖြစ်နေ

Must read

ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျစဉ် ပျက်စီးသွားသော ကား ၃ စီး မှာ ရဲ ၂ ဦး နှင့်ဥပဒေအရာရှိ စိုးမိုးတို့ သယ်ဆောင်မောင်းနှင် လာ သော လိုင်စင်မဲ့ကားများဖြစ်နေ

■ မိုင်းကွဲမှုကြောင့် ဥပဒေအရာရှိ စိုးမိုး သေဆုံးပြီး ရဲ ၁ ဦး အပြင်းအထန် ဒဏ် ရာ ရထား

ရန်ကုန်၊ ဇွန် ၂၉

မွန်ပြည်နယ်၊ ရန်ကုန်- မြ၀တီလမ်းပေါ် သထုံနှင့်ဘီးလင်းမြို့နယ်အကြားရှိ ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား ယနေ့ နံနက်အစောပိုင်း မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားရာ ကား ၃ စီးပါ ထိခိုက်ခဲ့ပြီး ယင်းကား ၃ စီးမှာ ဥပဒေအရာရှိ စိုးမိုးနှင့် ရဲ ၂ ဦး သယ်ဆောင်မောင်းနှင်လာသော ကားများဖြစ်ကြောင်း၊ မိုင်းကွဲမှုကြောင့် ဥပဒေအရာရှိ စိုးမိုး သေဆုံးပြီး ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း စစ်တပ်နှင့်ရဲဘက် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဘီးလင်းနှင့်သထုံမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာအနီး ကျုံအိတ်တံတားတွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းကွဲမှု ကြောင့် တံတားပြိုကျပြီး ကား ၃ စီးပါ တံတားပြိုကျမှုတွင် ပါဝင်သွားကြောင်း သိရှိရသည်။

“တံတားပြိုကျတဲ့အချိန် ပါသွားတဲ့ ကား ၃ စီးက လိုင်စင်မဲ့ကားတွေဖြစ်တယ်။ နောက်ပြီး ကား ၃ စီးကို ဥပဒေအရာရှိ စိုးမိုးက တစ်စီး၊ ရဲ ၂ ဦးက တစ်စီးစီ မောင်းနှင်ပြီး မနက်လင်းအားကြီးချိန်မှာ သယ်ကြတာ။ မိုင်းကွဲပြီး တံတားပြိုတော့ တံတားနဲ့အတူ ကား ၂ စီးပြုတ်ကျတာမှာ အဲဒီကား ၂ စီးက စိုးမိုးနဲ့ရဲ ၁ ဦးမောင်းတာ။ ဥပဒေအရာရှိ စိုးမိုးက ပွဲချင်းပြီး သေဆုံးပါတယ်။ နောက်ထပ် ရဲ ၁ ဦးကလည်း အပြင်းအထန်ဒဏ်ရာရထားတယ်။ အသက်ရှင်ဖို့ လမ်းနည်းနေပြီ။ တံတားအပေါ်မှာ မိုင်းထိတဲ့ကားမောင်းတဲ့ ရဲက ဒဏ်ရာမရဘူး။ သူက လွတ်သွားတယ်။ အဲဒီလိုင်စင်မဲ့ကား သယ်တဲ့ ကိစ္စကလည်း အခု တံတားမိုင်းခွဲခံရတာနဲ့ အတူ ပြဿနာတက်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့် ရဲများက ပြိုကျသွားသည့် တံတားနားတွင် လုံခြုံရေး ထူထပ်စွာ ချထားပြီး ကားတချို့ကို ဖြတ်သန်းခွင့်ပေး နေကြောင်း၊ ကားများ ပိတ်ဆို့နေပြီး တစ်စင်းပြီးမှ တစ်စင်း ဖြည်းဖြည်းသာ မောင်းနှင် ဖြတ်သန်း နေကြောင်း သိရှိရသည်။

“အဲဒီတံတားက ရန်ကုန်-မော်လမြိုင်-မြ၀တီလမ်းအတွက် အရေး ပါတယ်။ လမ်းတော့ ခဏတော့ ပိတ်ရမယ်ထင်တယ်။ ကုန်ကားတွေတော့ တက်မရ လောက်ဘူး။ ” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်း ကြောကို စစ်ကြောင်းများ လှည့်လည်ခြင်း၊ ရိက္ခာနှင့်လက်နက်၊ လူအင် အားများ ဖြည့်တင်းခြင်းများအတွက် အဓိက အသုံးပြုလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article