31.3 C
Yangon

မော်လိုက်၊ တောင်းအင်ရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အပါအဝင် စစ်သား ၂ ဦးအရှင်ဖမ်းမိ၊ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်

Must read

မော်လိုက်၊ တောင်းအင်ရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အပါအဝင် စစ်သား ၂ ဦးအရှင်ဖမ်းမိ၊ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်

ရန်ကုန်၊ ဇွန် ၃၀

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်း ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂ ဦး အရှင်ဖမ်းမိထားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။

ယနေ့ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်မှ ၇ နာရီခန့်အထိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော တောင်းအင်ကျေးရွာရှိ စစ်တပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အထိနာပြီး နံနက် ၆ နာရီခန့်တွင် က လေးမြို့ဘက်မှ တက်လာသည့် ရဟတ်ယာဉ်တစ်စီးဖြင့် တောင်းအင် ကျေး ရွာ၊ သမန်းတောကျေးရွာ အပါအဝင်အနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခုကြားသိရတဲ့သတင်းက ၃ ပွင့်ဗိုလ်တစ်ဦးနဲ့ အခြားအဆင့်တစ်ဦး အရှင်ဖမ်းမိထားတယ်လို့ ပြော တယ်ဗျ၊ အထိုင်ချထားတဲ့အိမ်တွေကို ဝင်ရောက်ပစ်ခတ်တဲ့အခါကျတော့ ၃ အိမ်လေးအိမ်လောက် မီး လောင်သွားတယ်လို့ပြေတယ်၊ စစ်ခွေးတွေအထိုင်ချထားတဲ့ ကိုမိုးလွင်ရဲ့အိမ်ကတော့ ညောင်သပြေ ဘက်က လက်နက်ကြီးနဲ့ ပစ်တာရောဆိုတော့ သေချာတယ်၊ အဲဒီအိမ်က စစ်ခွေးတွေ၊ ပျူခွေးတွေ ခြေ ကုပ်ယူထားတဲ့အိမ်၊ ပြည်သူလူထုအိမ်ပါပဲ၊ အဲဒီအိမ်ကအောက်ဆုံးမြေညီထပ်မှာ လှိုင်ခေါင်းတူးထား၊ မြေအောက်ခန်းရှိတယ်၊ မြေအောက်ခန်းမှာ ဝင်ပုန်းတော့ ၃ ပွင့်တစ်ဦးနဲ့အခြားအဆင့် တစ်ဦးကို အရှင် ဖမ်းမိထားတယ်လို့ သိရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

တောင်းအင်ကျေးရွာတွင် အကြမ်းဖက် စစ်သား၊ ပျူစောထီးများက ဦးအောင်ထွန်း၊ ဦးဝင်ညို၊ ကိုမိုးလွင်၊ ဦးသန်းဝင်း၊ ကိုလင်းဘို၊ ကိုဝင်းဇော်တို့ နေအိမ်များတွင် တပ်စွဲကာ အထိုင်ချထားခြင်းဖြစ်ပြီး ကိုမိုးလွင်၏ နေအိမ်သည် ၃ ထပ်တိုက်ဖြစ်ပြီးမြေတိုက်ခန်းထဲ၌နေထိုင်ကာ ပုန်းအောင်းနေကြောင်း၊ အဆိုပါ ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် မော်လိုက်မြို့နယ်အတွင်း၌ အထိုင်ချထားသော ခမရ ၃၆၄ ၊ ၃၆၅ တပ်တို့မှ အကြမ်းဖက် စစ်သားများဖြစ်ပြီး အင်အား ၁၅ ဦးခန့်သာရှိကာ ကျန်အင်အား ၆၀ ခန့်သည် ပျူစောထီးများ ဖြစ်ကြောင်း သိရသည်။

“စစ်ခွေး၊ ပျူခွေးတွေ အထိနာတယ်ထင်တယ်ဗျ၊ မဟုတ်ရင် လေယာဉ် ပစ်ကူမလာဘူး၊ တောင်းအင်ရွာ နဲ့ သမန်းတောရွာကို ၅ ပတ် ၆ ပတ်လောက်လှည့်ပြီး ပစ်သွားတာ၊ တောင်းအင်မှာတပ်စွဲထားတာက စစ်ခွေးက ၁၀ ကောင်၊ ၁၅ ကောင်လောက်ပဲရှိမယ်၊ ပျူတွေက အင်အားများတာ၊ ဘယ်ကပျူတွေလဲဆို တော့ကင်းတပ်အုပ်စုတို့၊ အော်ဇီးကုန်စကားကုန်အုပ်စုက ပျူတွေ၊ ဒီနေ့တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက် ထိခိုက်မှုလည်း မသိရသေးဘူး၊ လေယာဉ်နဲ့ပစ်သွားလို့ ထိခိုက်တာလည်း မကြားရသေးဘူးဗျ၊ စစ်ခွေး တွေတော့ တောင်းအင်ရွာကနေ ဆုတ်သွားပြီလို့တော့ ကြားတယ်၊အတိအကျတော့ မသိရသေးဘူး”ဟု မော်လိုက်မြို့နယ်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article