27 C
Yangon

စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးကို ဖောက်ခွဲတိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးကို ဖောက်ခွဲတိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးထဲဝင်ရောက်ကာ အပြင်းစား မိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ဇူလိုင်လ ၁ ရက် ည ၇ နာရီ ၂၇ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ်ရပ် တည်ပြီး မှတ်ပုံတင်လုပ်သည့် ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံကာ၊ လက်နက်ကိုင် အကြမ်းဖက်စစ်သားများကို လက်ခံထားသည့် လဝကရုံးအတွင်းအထိ အရဲစွန့်ဝင်ရောက်ကာ သာမန် မိုင်းထက် ယမ်းအားလေးငါးဆပိုမိုအသုံးပြုထားသော အပြင်းစား မိုင်းအကြီးဖြင့်ဖောက်ခွဲ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“အဲရုံးထဲအထိဝင်ရဖို့ဆိုတာ သိပ်မလွယ်ဘူးဗျ၊ ဘာဖြစ်လို့ဆိုရင် မြို့လယ်ခေါင်လည်းဖြစ်၊ ရုံးတွေက လည်းတစ်တန်းကြီး၊ အနောက်ဘက်ထွက်မယ်ဆိုရင်တပ်မတွေက အများကြီး၊ အရှေ့ထွက်တော့လည်း တံတားပေါ်ရောက်၊ တောင်ထွက်တော့လည်း မြစ်ကြီးဆိုတော့ တော်တော်ခက်ခက်ခဲတယ်၊ အဲထဲကို စွန့်စွန့်စားစားနဲ့ အတွင်းထဲဝင်ပြီး အပြင်းစားမိုင်းအကြီးစားကြီးကို သွားချပြီး ခွဲခဲ့တာ၊ ထိခိုက် သေဆုံး ပျက်စီးမှုကတော့ မသိရသေးဘူးဗျ၊ မြို့လယ်ခေါင်ဆိုတော့ စုံစမ်းရခက်နေတယ်ဗျ” ဟု People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်ပြီးနောက် လဝကရုံးအတွင်းတပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သားများမှ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် People’s Army To Fight Dictatorship –PAFD ရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို မောင်းသူမဲ့ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်မွန်းလဲ ၂ နာရီခန့်က အကြမ်းဖက်စစ်သား အင်အားများ ထပ်ရောက်လာပြီး စခန်းအတွင်း စုပြုံနေထိုင်ကြောင်းသတင်းအရ Sharr Do War နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မောင်းသူမဲ့ဒရုန်း၂ စီးဖြင့် ၂ကြိမ်တိုင်တိုင် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေ ဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း ၀၀၁ အဖွဲ့၊ မြောင်မြို့နယ် ပလဖ (အကြမ်းဖက်နှိမ်နှင်း ရေးအဖွဲ့)၊ မြောင် မြို့မတိုက်နယ် ပကဖ တာဝန်ခံနှင့်အဖွဲ့၊၊ စစ်ကိုင်းခရိုင်တပ်ရင်း၂ တပ်ခွဲ ၃ ၊ PDF Taloke ၊ Blood Borther အဖွဲ့၊ Bomb God အဖွဲ့၊ PDF SAINTGAING အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article