28 C
Yangon

စစ်သားများ တပ်ကို စွန့်ခွာမှု များပြားနေခြင်းကို လျှော့ချနိုင်ရေး စစ်ကောင်စီ က တပ်အတွင်း စနစ်တကျ သတင်းလိမ်လည် ဖြန့်ချိန်မှု များလုပ်နေရ

Must read

စစ်သားများ တပ်ကို စွန့်ခွာမှု များပြားနေခြင်းကို လျှော့ချနိုင်ရေး စစ်ကောင်စီ က တပ်အတွင်း စနစ်တကျ သတင်းလိမ်လည် ဖြန့်ချိန်မှု များလုပ်နေရ

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကောင်စီက စစ်သားများ စစ်တပ်မှ စွန့်ခွာမှု လျှော့ပါးစေရန် ရည်ရွယ်၍ ဝါဒဖြန့်မှုများကို စနစ်တကျ လုပ်ဆောင်လျက် ရှိနေပြီး ထိုသို့ ဝါဒဖြန်ချိရာတွင် စစ်တပ်အတွင်းရှိ စစ်သားများကို ဦးတည် လိမ်လည် ဝါဒဖြန်နေ့ကြောင်း Generation Wave ၏ မေလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စစ်ကောင်စီတပ်မှ CDM ပြုလုပ်သူများ၊ တပ်အတွင်းမှ ထွက်ပြေးသူများ၊ စစ်မ တိုက် လို၍ ထွက်ပြေးသူများ စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် တပ်ပြေးများ မြင့်တက် လျက်ရှိရာ ယင်းသို့ တပ်ပြေးများပြားလာမှုကို လျှော့ချနိုင်ရေး အတွက် စစ်တပ်အတွင်းတွင်ပင် ပြန်လည်၍ ဝါဒဖြန့်ချိနေရကြောင်း၊ ဝါဒဖြန့်ချိရာတွင် ပုံစံအမျိုးမျိုး အသုံးပြုနေရပြီး စစ်ကောင်စီနှင့်စစ်တပ် ထောက် ခံ သူများက စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များကို တပ်ထဲမှ ထွက်ခွာ မသွားစေရေး ဦးတည်သော ဝါဒဖြန့် နေကြကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသူများသည် ပြီးခဲ့သည့် မေလအတွင်း Facebook ပေါ်မှ တစ်ဆင့် ဝါဒဖြန့်ချိမှုများစွာလုပ် ဆောင်ခဲ့ သည့် အထဲတွင် ပြည်သူများကို ဖမ်းဆီးရန် လှုံ့ဆော်သည့် ဝါဒဖြန့်ချိမှု အကြောင်း အရာမှာ ၄၂ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ထောက် ခံသူများ၏ Facebook တွင် ရေးသားနေသည့် ဝါဒဖြန့်မှုများကို မေလအတွင်း စောင့်ကြည့်လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီနှင့် ၎င်းတို့၏ လော်ဘီများသည် မိုခါ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်သည့် ဝါဒဖြန့်ချိမှုများ၊ ကရင်အမျိုး သား အစည်းအရုံးနှင့် ပတ်သက်သည့် ဝါဒဖြန့်ချိမှုများ၊ CDM တပ်မတော် သားများနှင့် ပတ်သက်သည့် သွေးခွဲရန်တိုက်သည့် ဝါဒဖြန့်ချိမှုများကို အများ ဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းအစီရင်ခံစာသည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသည့် အစုအဖွဲ့များက ရေးသားထားသည့် Post အရေအတွက် ၄၄၂ ကို လေ့လာ စောင့်ကြည့်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီလော်ဘီများနှင့် စစ်တပ်ထောက်ခံသူများ၏ ဝါဒဖြန့်ချိမှုများတွင် တွေ့မြင်ရသည့် အကြောင်းအရာများတွင် သတင်းပေးခြင်းမှာ ၄၂ ရာခိုင်နှုန်း အထိ အများဆုံးရှိပြီး PDF များ၊ EAO များ၊ NUG အစိုးရကို ထောက်ခံ သူများ နှင့် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် သတင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအများဆုံး ဝါဒဖြန့်ချိမှုမှာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဝေဖန် တိုက်ခိုက် ခြင်းဖြစ်ပြီး ၃၄ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ စစ်တပ်နှင့် သက်ဆိုင် သည့် အကြောင်းအရာများမှာ ၁၁ ရာခိုင်နှုန်းနှင့် လူမျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဝါဒဖြန့်ချိမှုများ ၅ ရာခိုင်နှုန်း ရှိနေကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းကို အကြောင်းပြု၍ စစ်တပ်ကို အပြုသဘောမြင်လာစေရန်လည်း ဝါဒဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြပြီး လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်မှုတွင်မူ ရက္ခိုင့်တပ်တော် AA နှင့် အမျိုးသားညီညွတ်ရေး အစိုးရကို မိုခါနှင့် ပတ်သက်၍ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တိုက်ခိုက်ရေးသားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဝါဒဖြန့်သည့် ပို့စ်များတွင် ဦးတည်ပြောဆိုသည့် အုပ်စုများအနေနှင့် PDF များနှင့် ပတ်သက်၍ ၂၂ ရာခိုင်နှုန်း၊ ပြည်သူများနှင့် ပတ်သက်၍ ၇ ရာခိုင် နှုန်း၊ NUG အစိုးရနှင့် ပတ်သက်၍ ၇ ရာခိုင်နှုန်း၊ NUG အစိုးရကို ထောက်ခံ သူများနှင့် ပတ်သက်၍ ၇ ရာခိုင်နှုန်း၊ NCA လက်မှတ်ရေးထိုးခြင်း မရှိ သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ ၁၁ ရာခိုင်နှုန်း ၊ စစ်တပ် နှင့် ပတ်သက်၍ ၁၁ ရာခိုင်နှုန်းနှင့် စစ်ကောင်စီနှင့် ပတ်သက်၍ ၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း အစီရင်စာအရ သိရှိရသည်။

ထို့အတူ ကရင်အမျိုးသား အစည်းအရုံး၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်နှင့် ပတ် သက် ၍လည်း အဖွဲ့တွင်း အကွဲအပြဲများ ဖြစ်ပေါ်နေကြောင်း ၊ ကရင် အမျိုး သား အစည်းအရုံးကို ပြင်းထန်စွာ တိုက်ခိုက်သင့်ကြောင်း နှပ်ကြောင်းပေး ရေး သားမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်သား CDM များနှင့် ပတ် သက် ၍ သွေးခွဲ၊ ရန်တိုက်ခြင်းများကို ရှုထောင့်အမျိုးမျိုးမှ ရေးသား ဝါဒဖြန့်ချိမှု များလည်း မေလအတွင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီ ထောက်ခံ သူများ ၏ Facebook တွင် ရေးသားနေသည့် ဝါဒဖြန့်မှုများကို မေလအတွင်း စောင့် ကြည့် လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article