28 C
Yangon

ဦးမင်းကိုနိုင်၏ ပြည်တော်ဝင် ပန်းချီကား ကျပ်သိန်း၄၀၀ နီးပါးဖြင့် လေလံ အောင် ပြီး မန္တလေး PDF ရန်ပုံငွေထဲသို့ လှူဒါန်း၊ မန္တလေးကို ပြန်လည် ရယူ မည့် ပြည်တော်ဝင် ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၇ သောင်း ကျော်ရရှိထား

Must read

ဦးမင်းကိုနိုင်၏ ပြည်တော်ဝင် ပန်းချီကား ကျပ်သိန်း၄၀၀ နီးပါးဖြင့် လေလံ အောင် ပြီး မန္တလေး PDF ရန်ပုံငွေထဲသို့ လှူဒါန်း၊ မန္တလေးကို ပြန်လည် ရယူ မည့် ပြည်တော်ဝင် ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၇ သောင်း ကျော်ရရှိထား

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDYPDF အတွက် Fundraising Campaign တခုအဖြစ် Spring Myanmar Society နှင့် Lucky2PDF တို့ ပူးပေါင်းစီစဉ်သည့် “ပြည်တော်ဝင်” Project ထံသို့ ၈၈ကျောင်းသားမျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်က “ပြည်တော်ဝင်” ပန်းချီကား လှူဒါန်းခဲ့ပြီး အဆိုပါ ပန်းချီကားမှာ ကျပ်ငွေ သိန်း ၄၀၀ နီးပါးဖြင့် လေလံ အောင်မြင်သွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ တွင် အမေရိကန်ဒေါ်လာ ၁၂၃၄၅ ( မြန်မာငွေ ကျပ်သိန်း ၄၀၀ နီးပါးဖြင့်) ဦးမင်းကိုနိုင်၏ ပြည်တော်ဝင်ပန်းချီကားကို ဝယ်ယူသွားခြင်း ဖြစ် ကြောင်း သိရှိရသည်။

မန္တလေးနန်းတွင်းနှင့် ကျုံးကို မန္တလေးသားများက ပြန်လည်ရယူမည့် ပြည် တော် ဝင် Project တွင် မန္တလေးသူ၊ မန္တလေးသား အများအပြား ပါဝင် ထောက် ပို့ခဲ့ကြပြီး သိန်းရာချီလှူဒါန်းခဲ့ကြသဖြင့် Campaign နောက်ဆုံးရက် မတိုင်မီ အမေစု မွေးနေ့တွင် ရည်ရွယ်ချက် ပမာဏ ဖြစ်သည့်ကျပ်သိန်း ၄၀၀၀ ရရှိခဲ့ကြောင်း၊ Campaign ကာလ ကျော်လွန်သည့်တိုင်အောင် လာရောက် ပါဝင် ထောက်ပို့သူ များ ရှိနေသေးကြောင်း၊ လက်ရှိတွင် “ပြည်တော်ဝင်” ပန်းချီ ကား လေလံအပါအဝင် ပြည်တော်ဝင် Project မှ ရရှိငွေ အမေရိကန်ဒေါ်လာ ၁၇၁,၇၉၁ ရရှိထားကြောင်း၊ MDYPDF အနေဖြင့် ရရှိလာသည့် ထောက်ပို့ငွေ များဖြင့် အကောင်းဆုံး စစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article