33.1 C
Yangon

ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော်အောင်ဒင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝက်လက်မြို့နယ် ရွှေညောင်တော်နှင့် မင်းရွာတောင် အကြား တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာရွာကို စစ်ကြောင်းထိုးလာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျည်ထိမှန်ကာ မစိုးရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ရွှေညောင်တော်နဲ့ မင်းရွာတောင် အကြား တပ်စွဲထားတဲ့ ခွေးတွေက မနက်က ၁၁ နာရီဝန်းကျင်ခန့်က ကျွန်တော်တို့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ရွာသာရွာဘက်ကို ထွက်တော့ ကျွန်တော်တို့ အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တော့ စစ်ခွေးတွေက အလောင်း ၂ လောင်းကို ထမ်းပြီးတော့ သင်္ဘောပေါ်တင်သွားတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော်အောင်ဒင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ (တပ်ခွဲ ၃) Eagle- ပျောက်ကြားတပ်ဖွဲ့ နှင့် ရဲရဲတောက်လူငယ်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article