27 C
Yangon

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မလုပ်အားပေးခြင်းများ ခိုင်းစေကာ နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းကို ချိုးဖောက်နေ

Must read

ရန်ကုန်၊ ဇွန် ၁

အကြမ်းဖက် စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အဓမ္မလုပ်အားပေးခြင်းကို ခိုင်းစေကာ နိုင်ငံတကာအလုပ်သမား စံချိန်စံညွှန်းများကို ချိုးဖောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက ပြောကြားသည်။

ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသော ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ညီလာခံ ILC တွင် ၎င်းက အထက်ပါအတိုင်း တင်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ အလုပ်သမားသမဂ္ဂ အခွင့်အရေး တစ်ခုတည်းတင် မဟုတ်ပါဘူး။ ကလေးအလုပ်သမားပြဿနာ၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ရွှေ့ ပြောင်းအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှုတွေနဲ့ အခြေခံ လူ့အ ခွင့်အရေး ဆုံးရှုံးမှုတွေ အားလုံး ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူး ပေါင်းဝန်းရံမှုဟာ အရင်ကထက်မဆို ပိုပြီးအရေးကြီးနေပါတယ်” ဟု မဖြိုးစန္ဒာစိုးက ပြောကြား သည်။

စစ်ကောင်စီက အရပ်သားများကို အဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ပဋိပက္ခဖြစ် ပွားရာ ဒေသများတွင် အခြားသော အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများကို ဆက်လက်လုပ် ဆောင် နေပြီး၊ ယင်းမှာ နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ထို့ အပြင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ကလေးငယ်အများ အပြား ကျောင်းထွက်ခဲ့ကြရပြီးလက်ရှိတွင် ကလေးအများအပြားသည် မိသားစုကို လုပ်ကျွေးရန် အတွက် စက်ရုံများ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းဘေးဈေးရောင်းခြင်းနှင့် အခြား တရားဝင်မဟုတ်သော (Informal) ကဏ္ဍများတွင် ကလေးအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရသည် ယင်းဆွေးပွဲတွင် တင်ပြခဲ့ကြောင်း သိရသည်။

အလားတူ ဘေးကင်းလုံခြုံမှုနှင့် အလုပ်အကိုင် ရှာဖွေရန်အတွက် မြန်မာလုပ်သား သန်းပေါင်းများစွာ သည် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားခဲ့ကြပြီး ၎င်းတို့သည် ခေါင်းပုံဖြတ်ခံရခြင်း၊ ဘေးကင်းမှု မရှိ သော လုပ်ငန်းခွင်အခြေအနေများ၊ လုပ်ခလစာ အခိုးခံရခြင်း၊ လူကုန်ကူးမှု အန္တရာယ်နှင့် အလုပ် သမားကာကွယ်စောင့်ရှောက်ခွင့်များ ကန့်သတ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း အသိပေးထား သည်။

ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု: လုပ်ငန်းခွင်များတွင် အမျိုးသမီး အလုပ်သမားများသည် ခွဲခြားဆက်ဆံမှုနှင့် နှောင့်ယှက်မှုများကို ဆက်လက်ရင် ဆိုင်နေရပြီး၊ တရား ဥပဒေစိုးမိုးမှု ပြိုလဲပျက်စီးခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအတွက် လုပ်ငန်းခွင် ၌ သာမက လူ့အဖွဲ့အစည်းအတွင်း၌ပါ စိုးရိမ်ဖွယ်ရာ အန္တရာယ်များ မြင့်တက်လာကြောင်း ထောက် ပြထားသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ အလုပ်သမားများ: မြန်မာ့လုပ်သားအင်အားစု၏ အဓိကအပိုင်းဖြစ် သော တောင်သူများနှင့် လယ်ယာလုပ်သားများသည် ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ မြေယာမလုံခြုံမှု၊ သွင်းအားစုစရိတ် မြင့်မားလာမှုနှင့် ဝင်ငွေကျဆင်းမှုများကို ရင်ဆိုင်နေရပြီး လုံလောက်သော လူမှု ဖူလုံရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ကင်းမဲ့နေကြောင်း အသိပေး ထားသည်။

ဤကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသော်လည်း မြန်မာအလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂ များသည် ဆက်လက်စုစည်းကာ ခုခံတွန်းလှန်နေကြဆဲဖြစ်ပြီး အလုပ်သမားအခွင့်အရေး ကာကွယ် ရန်၊ ထိုက်တန်သောလုပ်ငန်းခွင် (Decent Work) ဖြစ်ထွန်းလာစေရန်နှင့် ဒီမိုကရေစီနှင့် လူမှုတရား မျှတမှု တိုက်ပွဲကို ပံ့ပိုးကူညီရန် ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း ဆက်လက်အသိပေးထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများ၊ အလုပ်ရှင်များ၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အနေဖြင့် မြန်မာအလုပ်သမားများအတွက် ပံ့ပိုးကူညီမှုများ ပိုမိုတိုးမြှင့်ပေးရန်နှင့် အလုပ်သမားနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် စစ်ကောင်စီကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ပေးရန် တိုက် တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားသမဂ္ဂများအကြား ခိုင်မာသော စည်းလုံးညီ ညွတ်မှု ပြသခြင်းနှင့်အတူ၊ ဖိနှိပ်မှုနှင့် မတရားမှုများကို ရင်ဆိုင်နေရသော အလုပ်သမားများအတွက် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ထပ်လောင်းတောင်းဆိုမှုများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

ITUC Global Rights Index 2026 ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အာဂျင်တီးနား၊ ဘီလာ ရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အဲ့ဆွာတီးနီ (Eswatini)၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှား နှင့် တူရကီ နိုင်ငံ တို့နှင့်အတူ ကမ္ဘာ့အလုပ်သမားအခွင့်အရေး အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် နိုင်ငံများ စာရင်းတွင် ဆက်လက် ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article