31 C
Yangon

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်းနှင့် တောင် ဒဂုံ တို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ

Must read

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်းနှင့် တောင် ဒဂုံ တို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ

ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ယနေ့ ည ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဇူလိုင်လ ၄ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်အချိန်မှစတင်၍ လှိုင်သာယာတွင် ဗုံး များ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းနောက် မြို့နယ်အများအပြားတွင် ဆက် တိုက် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။

“ဒီည ၈ နာရီ ၃၈ မိနစ်မှာ လှိုင်သာယာမှာ အုန်းကနဲ ဗုံးစပေါက်တယ်။ နောက် တစ်ခါ ဆက်တိုက် ၁ လုံးထပ်ပေါက်တယ်။ အိမ်တောင်တုန်တယ်” ဟု လှိုင်သာ ယာမြို့နယ်၊ ၁ ထိပ်အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ယနေ့ည ၉ နာရီ ၁၆ မိနစ်မှစတင်၍ ​ မြောက်ဒဂုံမြို့နယ် ၊ မရမ်း ကုန်း မြို့နယ် ၊​ မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ ၊ အရှေ့ဒဂုံမြို့နယ်၊ လှိုင်မြို့ နယ်၊ အင်းစိန်မြို့နယ်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်းစိန် ဖော့ကန်ဘက်မှာ ဗုံးပေါက်တာက လူထိခိုက်တယ်ဆိုပြီး သတင်း တော့ကြားတယ်။ နေရာအတိအကျမသိရသေးဘူး။ ဗုံး ၂ လုံးပေါက်တာ” ဟု အင်းစိန်မြို့နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ခံ အများစုက ဗုံးပေါက်ကွဲမှုများသည် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်တိုက် ပေါက်ကွဲခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒဂုံ အရှေ့ပိုင်းမြို့နယ်ဘက်မှာ ဗုံးတွေပေါက်နေတာ ၄လုံးလောက်ရှိပြီ။ ဘယ်နားမှာပေါက်နေလဲတော့မသိဘူး။ ကျနော်တို့ နေတာက ဒဂုံတက္ကသိုလ် ဘုန်းကြီးကျောင်းကွေ့နားက အတော်အသံကျယ်ကျယ်ကြားနေရတယ်” ဟု အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

လှိုင်သာယာရွှေလင်ပန်းအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း ” ရွှေလင် ပန်းနားမှာ ကြားလိုက်ရတာက ည ၉ နာရီမှာ ဗုံးတစ်လုံးပေါက်တယ်။ နောက် တစ်ခါ ည ၉ နာရီ ၁၇ မိနစ်မှာ ဗုံးတစ်လုံးပေါက်တယ်။ နေရာ အတိအကျ တော့ မသိဘူး။ အသံက တော့ တော်တော် ကျယ်တယ်” ဟု ပြောဆိုသည်။

မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်တွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း ယနေ့ ည ၉ နာရီ ၁၇ မိနစ်အချိန် ပေါက်ကွဲသံ ၂ ချက်ကြားရကြောင်း၊ ည ၉ နာရီ ၂၁ မိနစ်အချိန်တွင် တတိယမြောက်ပေါက်ကွဲသံကြားရကြောင်း ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ယနေ့ည ၈ နာရီ ၃၉ မိနစ် အချိန်တွင် လည်းကောင်း၊ မဂ်လာဒုံ မြို့နယ်တွင် ယနေ့ည ၉ နာရီ ၁၇ မိနစ် အချိန်တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ မြင်သာစျေးအနီး နေထိုင်သူ ပြည်သူတစ်ဦးကမူ ယနေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြား ရသည် ဟုဆိုသည်။

“တောင်ဥက္ကလပမှာ ပေါက်ကွဲသံ တော်တော်ကျယ်ကျယ်ကြားရတယ်။ ည ၈ နာရီ ၄၀ မှာ တစ်ကြိမ်၊ ည ၉ နာရီ ၁၆ မိနစ်မှာ တစ်ကြိမ်။ အိမ်ပါ တုန်ပါတယ်။ ပေါက်ကွဲတာက တောင်ဥဣလာ၊ မြင်သာစျေးအနီးနားပါ” ဟု‌ ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များအရ ယနေ့ည ၉ နာရီမှ ၉ နာရီ ၃၀ မိနစ်အတွင်း ဗဟန်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင်လည်း ဗုံးများ ပေါက်ကွဲခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန် ရန်ကုန်တွင် လုံခြုံရေးယူထားသည့် အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article