29.6 C
Yangon

စစ်တပ် အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းမအနီးကို ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရ၊ စစ်တပ်က ရွှေပြည်သာတံတား၊ ဘုရင့်နောင် တံတားနှင့် အောင်ဇေယျတံတား ၃ ခုလုံးကို ပိတ်ဆို့စစ်ဆေးနေ

Must read

စစ်တပ် အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းမအနီးကို ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရ၊ စစ်တပ်က ရွှေပြည်သာတံတား၊ ဘုရင့်နောင် တံတားနှင့် အောင်ဇေယျတံတား ၃ ခုလုံးကို ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊ ဇူလိုင် ၄

စစ်တပ်အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းအနီးသို့ ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး ယနေ့ည လှိုင်သာယာအတွင်း ဖြစ်ပွား သော ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီ ၅၃ မိနစ်အချိန် လှိုင်သာယာရုံးရှေ့၊ မြို့တော်ခန်းမအနီးသို့ ၄၀ မမ ဗုံးသီး ၃ လုံး ပစ်ခတ်ခံခံရပြီး ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်တပ်စွဲထားရာနေရာသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယနေ့ ည ၈ နာရီ ၃၈ မိနစ်မှစတင်၍ လှိုင်သာယာတွင် ဗုံးများပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှု တွင် စစ်ကောင်စီတပ်ဘက်မှ ဗုံးထိမှန်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။

” ဒီည ၁၀ နာရီ ၅၃ မိနစ်မှာ ၄၀မမနဲ့ ပစ်ခတ်သံ ၃ ချက်ကြားရတယ်။ လှိုင်သာ ယာ ၁၈ ရပ်ကွက်ဘက်မှာလည်း ပစ်ခတ်သံတွေကြားရတယ်။ အခု စစ်တပ်က ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား အကုန်လုံးကို ပိတ်ထားတယ်။ လှိုင်သာယာ ၈ ရပ်ကွက်ဘက်ကိုလည်း ကားနဲ့ ပတ်နေတယ်။ စစ်ခွေးတွေက ။ ဒီညဗုံးကွဲတဲ့အထဲမှာ စစ်တပ်ဘက်က ခွေးတွေ ဒဏ်ရာရ သွားတယ်ပြောတယ်။ လူနာတင်ကားတွေ သယ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ရန်ကုန်မှ လှိုင်သာယာသို့ အဝင်နှင့် လှိုင်သာယာမှ ဧရာ၀တီ တိုင်းဘက်သို့ အထွက် နေရာအားလုံးကို ပိတ်ဆို့ စစ်ဆေးနေခြင်း ဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article