ကမ္မမြို့တွင် စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ ဇူလိုင် ၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း People`s Defense Force – Kamma တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင်
ကမ္မမြို့ အတွင်း၌ စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦးကို ကမ္မမြို့ အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် People`s Defense Force – Kamma တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” စျေးဝယ်ထွက်လာတဲ့ ရဲခွေးကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု People`s Defense Force – Kamma တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
သေဆုံးသွားသော ရဲထံမှ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။