Khit Thit သတင်းဌာန၏ ဇူလိုင် ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်၊ ရှားတော-မြို့နယ်အတွင်းက ထိုင်း-ကရင်နီ-နယ်စပ်မှာရှိတဲ့ နယ်စပ်-တပ်စခန်း နှစ်ခုကို အကြမ်း ဖက်စစ်ကော်စီတပ်က စွန့်ခွာသွားကြသလို ၊ ရှမ်းပြည်နယ်ကလာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး အင်အားစု တွေက တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က ၆ ဦးသေသွားတဲ့အပြင် လက်နက်ခဲယမ်းအမြောက် အများကိုပါ သိမ်းဆည်းရရှိထားတယ်လို့ KA အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ရွာသာကြီး ကျေးရွာကို ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် က ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက် အစောပိုင်းမှာ ခြေလျင် စစ်ကြောင်း ထိုးပြီး သမားရိုး ကျေးရွာကို ဝင်ရောက်ပစ်ခတ်ရာမှာ အရပ်သား ပြည်သူ အမျိုးသား ၃ ဦး နဲ့ အမျိုး သမီး ၄ ဦး ကျည်ထိမှန် သေဆုံး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
