35 C
Yangon

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် မိခင်ဖြစ်သူ နွားရှာသွားစဉ် ပျောက်ဆုံးခဲ့သ ည့် ၃နှစ်အရွယ် ကလေးငယ် ၂ ရက်အကြာတွင် သေဆုံးလျက်ပြန်တွေ့ရှိ

Must read

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် မိခင်ဖြစ်သူ နွားရှာသွားစဉ် ပျောက်ဆုံးခဲ့သ ည့် ၃နှစ်အရွယ် ကလေးငယ် ၂ ရက်အကြာတွင် သေဆုံးလျက်ပြန်တွေ့ရှိ

ရန်ကုန်| ဇူလိုင် ၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် မိခင်ဖြစ်သူက နွားရှာ၊ နွားသွား ကျောင်းရန် နေအိမ်၌ ဖုန်းဖြင့် ထားခဲ့သည့် အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦးမှာ ၂ ရက် အကြာတွင် လယ်ကွင်းထဲတွင် ရေနစ် သေဆုံး လျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကံပေါက်ဒေသ သဲချောင်းရွာတွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးဇော်လတ် မိခင်ဖြစ် သူ ဒေါ်ဇင်မာသက်တို့၏ အငယ်ဆုံးဖြစ်သည့် သမီးဖြစ်သူ မနဒီရွှေစင် ကို ဇူလိုင် ၄ ရက် မွန်းတည့်အချိန်တွင် မိခင်ဖြစ်သူက သမီးငယ်ကို ဖုန်းတစ်လုံး ဖြင့် နေအိမ်၌ တစ်ဦးတည် ထားခဲ့ကြောင်း၊ နွားကျောင်းသွားပြီး အပြန်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖခင် ဖြစ်သူ ဦးဇော်လတ်က ပြောသည်။

ဖခင် ဖြစ်သူ ဦးဇော်လတ်က”သမီးပျောက်တာ ၂ ရက်ရှိပါပြီး၊ ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက်မှာ လယ်ကွင်းထဲမှာ ရေနစ် သေဆုံးပြီး ပြန်တွေ့ရတယ်”ဟု ပြော သည်။

သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် နေအိမ်နှင့် မနီးမဝေး လယ်ကွင်း ရေအိုင်ထဲတွင် မြက်ပင် ကိုင်လျက် ပက်လက် အနေအထားနှင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း ဆွေမျိုးသားခြင်းများထံမှ သိရသည်။

မနဒီရွှေစင်အား ပျောက်ဆုံးချိန်တွင် ကာယကံရှင် ဖခင်နှင့် မိခင်တို့ လူမှု ကွန်ရက် တွင် လူပျောက် ကြော်ငြာတင်ခဲ့သလို ဒေသအခြေစိုက် မီဒီယာများက ရေးသားဖော်ပြီးနောက် သဲချောင်းကျေးရွာ အပါအဝင် အနီးရွာများကပါ ဝိုင်းဝန် ရှာဖွေခဲ့ကြရာတွင် တွေ့ရှိခဲ့ဖြစ်သည်။

“သမီးက သူအမေ သွားတဲ့ လမ်းကို သိတော့ သူ လိုက်သွားတာ ဖြစ်မယ်။ အဲ့ဒါ လယ်ကွင်းထဲ ရောက်ပြီး ရေထဲ ပြုတ်ကျ ရေနစ် သေဆုံး သွားတာ ဖြစ်မယ်”ဟု ဖခင် ဖြစ်သူက ထပ်လောင်း ပြောသည်။

လက်ရှိတွင် ပြန်လည် တွေ့ရှိသည့် ကလေးငယ်၏ အလောင်းကို ကံပေါက် တိုက်နယ်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးပြီး ဆရာဝန်၏ ဆေးစစ်ချက် အဖြေကို ရယူကာ သဲချောင်းရွာသို့ ယနေ့ မွန်းတည့် ၂ နာရီခန့် အချိန်တွင် ပြန်လည် ရောက်ရှိ လာပြီး သုသာန်တွင် ချက်ချင်း သဂြိုဟ်လိုက်ကြောင်း ရွာခံများက ပြောသည်။

သေဆုံးသူ မနဒီရွှေစင်မှာ ၎င်းအထက်က ၁၄ နှစ် ၁၅ နှစ် အရွယ်အစ်ကို နှစ်ယောက်ရှိပြီး ၈ နှစ် အရွယ် အစ်မဖြစ်သူ တစ်ယောက် ရှိကြောင်း ယင်းဖြစ်စဉ် တွင် အစ်မဖြစ်သူမှာ ကျောင်းသွားနေကြောင်းနှင့် အစ်ကိုဖြစ်သူ နှစ်ဦးမှာလည်း ထိုင်းတွင် နေထိုင်ကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article