27 C
Yangon

မိုးကုတ်မြို့၊ သိမ်ကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မိုးကုတ်မြို့၊ သိမ်ကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သိမ်ကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းထံမှ သိရသည်။

ဇူလိုင်လ ၅ ရက် ည ၇ နာရီခွဲခန့်က အကြမ်းဖက်စစ်သားအများအပြားတပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း၊ မင်းတံတားအုပ်စု၊ ဗန်မွန်ကျေးရွာ၊ သိမ်ကုန်းဘုန်းတော်ကြီးကျောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၇ နာရီ မိနစ် ၅၀ အထိ အကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ် ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကာ ၆ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော်(K.I.A.) အမှတ် ၃၄ တပ်ရင်းနှင့် မိုးမိတ်ခရိုင် KPDF တပ်ရင်း၊ တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article