Khit Thit သတင်းဌာန၏ ဇူလိုင် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ယခုလက်ရှိ တိုက်ပွဲဝင် ဒရုန်းတွေ ထက် ကီလိုမီတာများစွာ ပျံသန်းနိုင်ပြီး ဗုံးသီးအကြီးတွေကို သယ်ဆောင်နိုင်တဲ့ မောင်းသူ မဲ့လေယာဉ်ကြီးတွေနဲ့ တာဝေးစစ်ဆင်ရေးတွေကို အရှိန်မြှင့်တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့ ဒရုန်း စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတဲ့ Federal Wings ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။
– မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ မလွဲတောင်တံတား လုံခြုံရေး စစ်တပ် စခန်းကုန်းကို KNLA၊ PDF တပ်ဖွဲ့တွေကနေ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ခဲယမ်းအချို့ ကို ရရှိခဲ့တဲ့အပြင် စခန်းကိုပါ မီးရှို့ ရှင်းလင်းခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာရှိတဲ့ လယ်သစ်တော-ကျေးရွာက ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။