29 C
Yangon

ရေစကြိုမြို့ပေါ်၌ စစ်တပ်၊ ရဲ ကင်းပုန်းကို ရှင်းလင်းစဥ် ရဲအသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိ၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဖြစ်၍ စစ်စခန်းများ အနီးနေထိုင်ခြင်း မပြုလုပ်ရန် MBT တပ်ဖွဲ့ ထုတ်ပြန်

Must read

ရေစကြိုမြို့ပေါ်၌ စစ်တပ်၊ ရဲ ကင်းပုန်းကို ရှင်းလင်းစဥ် ရဲအသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိ၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဖြစ်၍ စစ်စခန်းများ အနီးနေထိုင်ခြင်း မပြုလုပ်ရန် MBT တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၀

ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) တပ်ဖွဲ့က စစ်သား၊ ရဲ ကင်းပုန်းများ ရောက်ရှိနေကြောင်း သတင်းရရှိ၍ နယ်မြေရှင်းလင်းစဉ် ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၉ ရက် ည ၈ နာရီခန့်က Myingyan Black Tiger (MBT) ၏ အမှတ် ၂ စစ်ဆင်ရေး နယ်မြေအတွင်းရှိ ရေစကြိုမြို့ ငြိမ်းဇာနည်စခန်းအနီး၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲအုပ် အောင်နိုင်ထွေး၏ မှုခင်းမှတ်တမ်း(အရာရှိ) သင်တန်းဆင်းလက်မှတ်နှင့် အခြားရဲအသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ကျနော်တို့ နယ်မြေထဲကို တစ်ခါတလေလာတယ်၊ အရင်ကတော့ ကင်းပုန်းဝပ်တာတွေ ဘာတွေရှိတယ်၊ အခုလဲသတင်းရလို့ သွားရှင်းလင်းခဲ့တာ၊ သူတို့ထွက်ပြေးသွားတာလား၊ ဘာလား မသိ ဘူး၊ သူတို့မရှိတော့ဘူး၊ ပစ္စည်းတွေတော့ရရှိခဲ့တာ၊ တိုက်ပွဲဖြစ်တာမရှိခဲ့ပါဘူး” ဟု Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Myingyan Black Tiger အဖွဲ့အနေဖြင့် ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်တော့မည်ဖြစ်​၍ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် စခန်းအနီးသို့ သွားလာခြင်း၊ နေထိုင်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားစဉ် ထိခိုက်မှုရှိခဲ့ပါက မိမိတာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article