26 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာ အရှေ့တောင်ဘက် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အင်အား ၅၀ ခန့်ရှိသော စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး အင်အားစုများက Sniper ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်တ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယင်းနေ့ ညနေ ၃ နာရီ ထိုးသည့်အထိ ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် တောင်သာကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးနှင့် အခြားကျေးရွာများမှ ပြည်သူအိမ်များလည်း ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄/၆၊ ရေတာရှည်မြို့နယ် – ပကဖ နှင့် ပူးပေါင်း စစ်ကြောင်းတို့က လုပ်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article