ရန်ကုန်၊ ဇူလိုင် ၁၃
ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာမှ အသက် ၉၀ အရွယ် အဖွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် မြို့ကြီးရွာကို ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းမာပင်မြို့မှ ခြေလျင်စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အသက် ၉၀ အရွယ် လေဖြတ်နေသည့် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် မြို့ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် အရေးပေါ် အကူညီများ လိုအပ်လျက်ပြီး ကျေားရွာများ အတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ကူညီလှူဒါန်းလိုသူများ အနေဖြင့် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာမှ အသက် ၉၀ အရွယ် အဖွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး