24 C
Yangon

မင်းတပ်မြို့ရှိ စစ်တပ်၏ ခလရ ၂၇၄ တပ်ရင်းနှင့် စစ်ဆေးရေး ဂိတ်များကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မင်းတပ်မြို့ရှိ စစ်တပ်၏ ခလရ ၂၇၄ တပ်ရင်းနှင့် စစ်ဆေးရေး ဂိတ်များကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၄ တပ်ရင်းနှင့် စစ်ဆေးရေး ဂိတ်များကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat ထံမှ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ နံနက် ၇ နာရီ ၃၀ မိနစ်ထိ မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းနှင့် မြို့ဝင်ဂိတ်ရှိ စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၁၀ နာရီ ၄၇ မိနစ်မှ နံနက် ၁၁ နာရီ ၂၀ မိနစ်ထိ စစ်ဆေးရေး ဂိတ်တစ်ခုကို ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း၊ ဒေသတော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Chin Defence Force – Mindat က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article