ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလ ပညာရေး စာသင်ကျောင်း တစ်ကျောင်းကို အလှူငွေများ ထောက်ပံ့လှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၁၄
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေး စာသင်ကျောင်း တစ်ကျောင်းကို လိုအပ်သည့် နေရာ သုံးစွဲရန် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက် ဒါရိုက်တာဒေါ်မူစဲနှင့် အဖွဲ့သူ အဖွဲ့သားများက တစ်ဆယ့်ကိုးသိန်း ငါးသောင်းကျပ်ကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။