24 C
Yangon

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖြူးမြို့နယ်၊ ကျီးရိုးကျေးရွာ ဓမ္မာရုံ၌ တပ်စွဲနေသော အင်အား ၁၃၂ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၆၀မမ ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖြူးမြို့နယ်၊ ဘုရားလဟာရွာအနီး ခရီးသွားပြည်သူများကို စစ်ဆေးမှု လုပ်ဆောင်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“၁၁ ရက်နေ့က တိုက်ခိုက်တာက နေပြည်တော်က လာပြီးတော့ အယောက် ၆၀ ပါတယ်။ နေပြည်တော်က စဆင်းလာပြီးတော့ ၁၁၅ မိုင်မှာ အယောက် ၆၀ က ၃ ရက်လောက်နေတယ်။ နောက်နေ့ မနက် ညောင်ပင်သာကနေပြီးတော့ ဆင်းလာတာ အဲအယောက် ၆၀ က အခြား တပ်ရင်းတွေက ၁၀ ယောက် အယောက် ၂၀ နဲ့ အဲလိုတွေပေါင်းပြီးတော့ ၁၃၂ ယောက်ဆင်းလာတာ အဲဒီစစ်ကြောင်းကို ဒရုန်းနဲ့သွားချတာပါ။ ပြီးတော့ မနေ့က မွန်းလွဲ ၂ နာရီ ၁၅ မိနစ် လောက်က ဘုရားလဟာမှာ တပ်စွဲထားတဲ့ကောင်တွေကို အဲကောင်တွေ ဇရပ် တစ်ခုမှာ ၄ ယောက် ထိုင်ပြီး ပြည်သူတွေကို စစ်ဆေးနေတာပေါ့။ အဲတာ သတင်းအတိအကျရလို့ ဒရုန်းနဲ့ ဗုံးသီးကျ တိုက်ခိုက်ခဲ့တယ်။ မနေ့က ဖြစ်ဖြစ်ချင်း ၂ ယောက်သေတယ်။ အခုမနက် ၁ ယောက်ထပ်သေတယ်လို့ သိရတယ်” ဟု ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ Golden Brothers ပြောက်ကျားတပ်ဖွဲ့နှင့် Wahite Peacock ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article