29.6 C
Yangon

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်အရာရှိ တစ်ဦး အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်မှုများပြား

Must read

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်အရာရှိ တစ်ဦး အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်မှုများပြား

ရန်ကုန်၊ ဇူလိုင် ၁၅

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယမန် နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိတစ်ဦး အပါအဝင် ထိခိုက်သူများပြားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစတင်ပြီး ပဲခူးတိုင်း၊ ညောင်လေး ပင် မြို့နယ်၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ပိန်းဇလုပ်နှင့် ညောင်လေးပင် လမ်းဆုံအကြား၊ ရန်ကုန်- မန္တလေး မီးရထားလမ်း ဖြတ်သန်းရာ တော်ဝိကျေး ရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယမန်နေ့ ညသန်းခေါင်ယံအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

” မနေ့ မွန်းလွဲ ၂ နာရီ လောက်က စပြီးတိုက်ပွဲ ဖြစ်တာ။ တိုက်ပွဲက ညဘက်ပိုင်းအထိကို ဖြစ်ပြီးတော့ စစ်တပ်ဘက်က အတော်ထိထားတယ်။ အရာရှိတစ်ဦးလည်း ထိထားတယ်လို့ ကြားရတယ်။ တိုက်ပွဲဖြစ်တာက အတိအကျဆို

တော်ဝိကျေးရွာအနီး ကောက်မယ်သူကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ကို တန်ပြန် ထိုးစစ်ဆင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း၊ ပဲခူး-စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့တွင် နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ်ရန် PDF တပ်ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် နှင့် စစ်ရေး အရှိန်အဟုန်မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့ကို နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြု လုပ်ရန် ၊ သတ်မှတ်လမ်းပိုင်း များအတွင်း နေ့အချိန် သွားလာရာတွင် မော်တော်ယာဉ်များကို မှန်ချ၍ မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းများကို ကြည်ဖြူစွာ လက်ခံရန်၊ ထုတ်ပြန်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ ၂ က တာဝန်ယူမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

“အခုလိုကြေညာချက်ထုတ်ရတာက ကျနော်တို့က ပြည်သူ့တပ်မတော်ဖြစ်တဲ့အတွက် စစ်ဆင်ရေးမှာ ပြည်သူထိခိုက်မှုနည်းအောင် အခုလို ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ သူတို့အနီးအနား၊ သူတို့ယာဉ်တန်းတွေမှာ နီးနီးကပ်ကပ်မနေဖို့ လည်း မေတ္တာရပ်ခံလိုတယ်။ အိမ်စီးကားတွေ ပြည်သူတွေရဲ့ကားတွေနဲ့ စစ်ကောင်စီကို သယ်ဆောင်တာ တွေ၊ အကြမ်းဖက် စစ်တပ်ရဲ့ ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်းပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ပဲခူးတိုင်းဘက်တွင် ရှိနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article