27 C
Yangon

မြင်းခြံမြို့နယ်ရှိ တောင်ပုံကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသော စစ်ကားများကိုပါ မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား

Must read

မြင်းခြံမြို့နယ်ရှိ တောင်ပုံကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသော စစ်ကားများကိုပါ မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသည့် စစ်ကားများကိုပါ မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း၊ တပ်ခွဲ ၂ (MGN 35 ပြောက်ကျားတပ်ဖွဲ့) တာဝန်ခံကိုနွေမိုက်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာမှ တောင်ပုံ ကျေးရွာအတွင်းသို့ အင်အား ၂၃ ဦးဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများထဲမှာ ၅ ဦးသည် ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်ရာနေရာသို့ မြင်းခြံမြို့မှစစ်ကူကား ၂ စီး ဖြင့် တက်လာရာ မြင်းခြံ-နဘူးအိုင်လမ်းမပေါ်ထိန်ပင်ကျေးရွာနှင့်ရွာသစ်ကျေးရွာကြား၌ မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကန်တာကားတစ်စီး လုံးစုတ်ပြတ်သတ်သွားပြီး ယာဉ်ပေါ်ပါ စစ်သားအများ အပြား ဒဏ်ရာရ သေဆုံးခဲ့ကြောင်း သိရသည်။

“ရွာထဲကိုဝင်တာ ၂၃ ကောင်ဗျ၊ ကင်းထွက်လာတဲ့ ၅ ကောင်ကို ပစ်ခဲ့တာ၊ တိုက်ပွဲဖြစ်နေတဲ့အချိန် မြင်းခြံကနေ စစ်ခွေး ၂၀ လောက်ပါတဲ့ကန်တာကားတစ်စီးနဲ့ ၅ ကောင်လောက်ပါတဲ့ မီးခိုးရောင် မှန်လုံ ကား ၂ စီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ကန်တာကားပေါ်မှာပါတဲ့ ၂၀ လောက်က ၄ ကောင်လောက်ပဲ ကျန် တယ်လို့သိရတယ်၊ ကား ၂ စီးလုံးကတော့ စုတ်ပြတ်သတ်သွားပြီး ပွိုင့်ထဲကနေ မထွက်နိုင်ဘူးဖြစ်သွား တယ်၊ သေတဲ့ကောင်တွေသေပြီး အော်တဲ့ကောင်တွေ အော်နေကြတယ်၊ နောက်ထပ်စစ်ကူကား တစ်စီး ရောက်လာပြီးတော့ မိုင်းကွဲတဲ့နေရာကို ကင်းပုန်းဝပ်နေသယ်သွားကြတယ်၊ အတိအကျ ၁၇ ကောင် သေ တယ်လို့ သတင်းရတယ်၊ ဒဏ်ရာရ စစ်ခွေးတွေထဲကလည်း ထပ်သေတာ” ဟု မြင်းခြံခရိုင်အမှတ် ၅ တပ် ရင်း၊ တပ်ခွဲ ၂ (MGN 35 ပြောက်ကျားတပ်ဖွဲ့) တာဝန်ခံကိုနွေမိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၅ တပ် ရင်း၊ တပ်ခွဲ ၂ (MGN 35 ပြောက်ကျားတပ်ဖွဲ့) နှင့် မြင်းခြံ ဗိုလ်စက္ကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဓဝံကျေးရွာနှင့် ကျီးပင်ကံကျေးရွာ ကြားတွင် မှန်လုံကားအသေးတစ်စီး၊ ဖိုးဝှီးကား ၂ စီးကို မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မှန်လုံ ကားကို တည့်တည့်ထိမှန်ပြီး ကားပေါ်လိုက်ပါလာသူ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ ကားမှာ လည်း စုတ်ပြတ်သတ်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article