အကြမ်းဖက်မင်းအောင်လှိုင်က သူတည်ထားတဲ့ ဘုရားကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခေါ်ကြွား
ရန်ကုန်၊ ဇူလိုင် ၁၇
အကြမ်းဖက်မင်းအောင်လှိုင်က နေပြည်တော်မှာ သူတည်ထားတဲ့ ကျောက်ဆစ်ဘုရားရုပ်တု မာရဝိဇယ ရုပ်တုကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခေါ်ယူပြသ ကြွားလုံးထုတ်ပါတယ်။
အဲဒီလို ခေါ်ယူ ပြသ ကြွားရာမှာ လက်ရှိ မင်းအောင်လှိုင်က ခန့်အပ်ထားတဲ့ ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၊ သမ္မတဟောင်း သိန်းစိန်နဲ့ အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ဟောင်းတွေ တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။
အိုမင်းနေကြပြီတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၊ ဗိုလ်ချုပ်ဟောင်း သမ္မတဟောင်း သိန်းစိနအပါအဝင် ဗိုလ်ချုပ်ဟောင်းတွေ တော်တော်များများက မင်းအောင်လှိုင် ပြသနေတဲ့ ဘုရားဆင်းတုကို ကြည့်ရှုပြီး ဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ယာယီသမ္မတ အမည်ခံ မြင့်ဆွေကတော့ ဘုရားဆင်းတုလာကြည့်ချိန်မှာ အလွန်အိုမင်းရင့်ရော်နေတာကိုလည်း မြင်တွေ့ရပါတယ်။
မင်းအောင်လှိုင်က သူတည်ထားတဲ့ဘုရားဘေး ပတ်လည် လုံခြုံရေးအတွက် ဘုန်းကြီးကျောင်းတွေ ၊ ကျေးရွာတွေနဲ့ လူနေအိမ်တွေ အများအပြားကို အတင်းအဓမ္မဖျက်သိမ်းခဲ့ပါတယ်။