32 C
Yangon

တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကံထူးမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကံထူးမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကံထူးမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့ မှ ကံထူးမရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အင်အား ၁၂၅ ဦးခန့်ပါ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၁ နှင့် ပျူစောထီးများ ပါဝင်သော ပူးပေါင်းစစ်ကြောင်းကို ပဲခင်းကြီးတောရကျောင်းအနီး၌ တော်လှန်ရေး အင်အားစုများက ကြားဖြတ် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် ဆက်လက် ထွက်ခွာလာပြီး ကံထူးမ ရဲစခန်းကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိလာကာ တော်လှန်ရေး အင်အားစုများက ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ရဲစခန်းတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် အချို့ ရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၊ အမှတ် ၂၆ တပ်ရင်း၊ KPK ၊ TSR ၊ PLA နှင့် TCRF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article