28 C
Yangon

ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ မှ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ် အချိန်တွင် ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာ အရှေ့တောင်ဘက် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အင်အား ၅၀ ၀န်းကျင်ခန့်ရှိသော စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး အင်အားစုများက ၄၀ မမ လက်နက်ကြီး ၅ လုံး စတင် ပစ်ခတ်ခဲ့ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ထိတွေ့မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် နံနက် ၇ နာရီ ၅၇ မိနစ်ခန့်တွင် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းမှ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိသွားကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း တော်လှန်ရေး အင်အားစုများကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ၏ တပ်နေရာချထားမှု အရ စစ်တောင်းမြစ်အရှေ့ကမ်းတွင် အခြေစိုက်ကာ တိုက်ပွဲဖော်ဆောင်လျက်ရှိသော တပ်ခွဲ ၃/၄/၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် PDF ပူးပေါင်းစစ်ကြောင်းတို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article