မြဝတီမြို့နယ်၊ လက်ခတ်တောင်အနီးတိုက်ပွဲတွင် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးသေဆုံး၊ သေနတ် တစ် လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး အမြောက်အများပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးသေဆုံးကာ သေနတ်တစ်လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက် ၇ နာရီဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ကူ အမြောက်အများအသုံးပြုကာ လက်ခတ်တောင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ဖြင့် KNU/KNLA ပူး ပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ပြီး ခလရ ၈ မှ ဗိုလ်ကြီး ၁ ဦးသေဆုံးကာ ခမရ ၁၁၈ မှ အခြားအဆင့် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ MA3 ၁ လက်၊ RPG ၃ လုံး၊ 60 mm ၃ လုံး၊ အီ နာဂါဗုံးသီး ၄ လုံး နှင့် မိုဘိုင်းဖုန်း ၇ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်စစ်သားများကို တပ်မဟာ ၆ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကျားသစ် နက်၊ Federal Wings တပ်ဖွဲ့တို့မှ ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။