30 C
Yangon

ကောလင်း၊ ကရာကုန်းရွာတွင် စစ်တပ်၏ လက်နက်ကြီးကျ၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ သထုံတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးပြီး ပြည်သူများထွက်ပြေးနေရ

Must read

ကောလင်း၊ ကရာကုန်းရွာတွင် စစ်တပ်၏ လက်နက်ကြီးကျ၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ သထုံတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးပြီး ပြည်သူများထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ထွေအုပ်ရုံးနှင့် ကောလင်းရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က ဇူလိုင် ၁၆ ရက် ည ၉ နာရီခွဲအချိန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကရာကုန်းရွာသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်ခဲ့သူများမှာ ကရာကုန်းရွာရှိ ဒေါ်ဝိုင်း၊ မဖြူ၊ ကိုစိုးနိုင် တို့ဖြစ်ပြီးမဖြူ မှာ လက်နက်ကြီးစ အဆုတ်နားထိမှန်သဖြင့် စိုးရိမ်ရကြောင်း kawlin info မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

” ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီ ၁၇ လောက်ကနေ စပစ်တာ ။ ၁၂ချက် ထွေအုပ်ရုံးကရော ၊ရဲစခန်းကရော ကောလင်းမြို့မြောက်ဘက် ကပ်နေတာ အဲ့ဒီရွာတွေက။ အိမ်ပေါ်ကျပြီးလူတွေ ထိတာ”ဟု kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင်လည်း ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်မှ ပြည်သူ၂၀ ခန့်ကိုလည်း ဖမ်းဆိီးခေါ်ဆောင်သွားကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်လည်း ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၀ ခန့်ပါသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၁ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ (အမတ−၃၁၄) တပ်ရင်းမှ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ပန်းအောင်ကုန်းရွာတွင်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့၍ စောသာထူး၊ စောမောင်ဝင်းသန်းနှင့် ဒေါ်မမီးမိုးတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး အဝန်းကြီးဘုန်းကြီး ကျောင်းနှင့် လားဝါရွာဟောင်းအနီးတို့တွင် လက်နက်ကြီး ၁ လုံးစီ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က အမှတ် ၃၁၄ အမြောက်တပ်ရင်းမှ ကေအဲန်ယူ−သထုံ မြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အရပ်သားနေထိုင်ရာ နေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ထွက်ပြေးတိမ်းရှောင်သူများရှိကာ ယခုတွင် ရွှေရောင်ပြကျေးရွာနေ မိသားစု ၂၇ စုမှ အမျိုးသား ၅၆ ဦးနှင့် အမျိုးသမီး ၆၅ ဦး စုစုပေါင်း လူဦးရေ ၁၂၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ကျန်ရှိ ဒေသပြည်သူများမှာလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နေထိုင်ကြရကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article