23 C
Yangon

ရွှေဘိုရှိ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကာ အရှင်ဖမ်းမိသူများရှိ

Must read

ရွှေဘိုရှိ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကာ အရှင်ဖမ်းမိသူများရှိ

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ပျူစောထီး ၂၀ ခန့်ဒဏ်ရာရရှိကာ အရှင် ဖမ်း မိသူများလည်းရှိကြောင်း Genertion Z Power (Mandalay) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၆၀ ကျော်ဖြင့် အထိုင်ချ တပ်စွဲ ထားသော ဟန်ဟင်းမြို့ဟောင်း အကြမ်းဖက်စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ပျူစောထီး ၂၀ ခန့် အပြင်း အထန်ဒဏ်ရာရရှိကာ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသော ပျူစောထီးများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

“ဖမ်းမိတာက အယောက် ၂၀ နီးပါးရှိတယ်၊ ဒဏ်ရာရတဲ့သူတွေအကုန်နီးပါး ဖမ်းမိတာ၊ စခန်းသိမ်းဖို့က ကျည်မလောက်တော့လို့ ပြန်ဆုတ်လာခဲ့ရတာ၊ ပြန်ဆုတ်လာခဲ့ပြီး ရွှေဘိုကနေ မြေပြင်စစ်ကြောင်း ရော၊ Mi 35 နဲ့ရောရောက်လာပြီးတော့ ကျေးရွာတွေကို လျှောက်ပစ်တာရှိတယ်။ သူတို့ပစ်တဲ့အချိန် ရဲဘော် တွေ အကုန်ခွာလို့ပြီးသွားပြီ၊ ၅ ကောင်သေတယ်ဆိုတာက ရှေ့မှာတင်သေတာ၊ ဒဏ်ရာရတဲ့သူတွေကို အကူလာတဲ့စစ်ကြောင်းက ဆေးကုသပေးနေတယ်၊ အခုနကပဲ သတင်းထပ်ရတာက ခွေးသေတွေကို နွားလှည်း ၂ စီးနဲ့ထုတ်နေတယ်လို့ သတင်းရတယ်” ဟု Genertion Z Power (Mandalay) မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Genertion Z Power (Mandalay)၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ် ပကဖ၊ ပုသိမ်ကြီး ပကဖ၊ မန္တလေးခရိုင် တပ်ရင်း ၃ ၊ မန္တလေးခရို်င တပ်ရင်း ၄ ၊ မန္တလေးခရိုင် တပ်ရင်း ၅ နှင့် ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူဇူလိုင်လ ၅ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး၊ ပျူစောထီး ၁၇ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ ကြောင်း Genertion Z Power (Mandalay)တပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် မိဘပြည်သူများ အနေဖြင့် ထောက်ပို့ ပေးကြပါရန်နှင့် တိုက်ရိုက်ထောက်ပို့ခက်ခဲပါက Click လုပ်ပေးခြင်းဖြင့် ထောက်ပို့ ပေးကြပါရန် တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article