25 C
Yangon

ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား

Must read

ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၂၀

ပဲခူးတိုင်း၊ ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၂၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅၀ ခန့်ဖြင့် နံဇရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ငွေကျပ် ၃၈ သိန်း၊ ဖုန်း ၁၁ လုံးကို ခိုးယူသွားပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား​ကြောင်း သိရသည်။

“ ပြည်သူ ၁၇ ယောက် ရဲစခန်းမှာ ဖမ်းထားတယ်။ အမည်တွေတော့ မသိရသေးပါဘူး။ နံဇ အိမ်ခြေ ၂၀၀ ကျော် ရှိတယ်“ ဟု KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည်လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၇ ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၄၅၇၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU Brigade 3 – Amary 9 – 1035 ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article