23 C
Yangon

စီးပွားရေးပိတ်ဆို့မှုကြောင့်‌ ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်း ဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို အစည်းအဝေး ခေါ်ယူ

Must read

စီးပွားရေးပိတ်ဆို့မှုကြောင့်‌ ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်း ဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို အစည်းအဝေး ခေါ်ယူ

ရန်ကုန်၊ ဇူလိုင် ၂၀

အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့်‌ ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်းဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို ဇူလိုင်လ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စက်သုံးဆီ တင်သွင်းမှုလုပ်ငန်းများကိုပါ ထိခိုက်လာသဖြင့် စစ်ကောင်စီက ဘဏ်ပြောင်း၍ ဒေါ်လာငွေစာရင်းများ ဖွင့်လှစ်ခြင်း အပါအဝင် စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဖိတ်ကြားစာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ရုံးအမှတ်(၆)၊ ရတနာခန်းမ၌ ၂၀၂၃ ခုနစ် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အစည်းအဝေး ခေါ်ယူပြီး မပျက်မကွက် တက်ရောက် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာဝင်ငွေမရှိတော့ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် စက်သုံးဆီများကို အကြီးအကျယ် လျှော့ချတင်သွင်းခြင်း၊ ဒေါ်လာစျေးကစားသူများကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး များမကြာမီ စက်သုံးဆီ ဝယ်ယူရောင်းချခွင့်များကို ကန့်သတ်ခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article