ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ကော့ကရိတ်မြို့ရှိ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ကော့ကရိတ် စိန်ပန်း တိုက်ပွဲက နံနက် ၆ နာရီကနေ ၃ နာရီ ၃၀ မိနစ် ထိ ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တယ် စစ်ခွေး ၆ ကောင်သေပြီး ၆ ကောင် ဒဏ်ရာရတယ်။ မြို့တစ်ဝက်ထိ စီးနင်နိုင်ခဲ့တယ်။ စနိုက်ပါ သင်တန်းဆင်းတွေ အခြေခံ စစ်သင်တန်း ဆင်းတွေကို စမ်းတိုက်တာပဲ ရှိသေးတယ်။ အလင်းမဝင်ရင် အခေါင်းကြိုဝယ်ထားဖို့ မှာချင်ပါတယ်” ဟု ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။