28 C
Yangon

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့ ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၁ဦးသေဆုံးနိုင်

Must read

ရန်ကုန်၊ မတ် ၁၂

ရန်ကုန် ၈မိုင် ဂုံးတံတားအောက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့တွင် ကင်း စောင့် နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ Yangon-e UG ယနေ့ မတ်လ ၁၂ ရက်နေ့ ညနေ ၄နာရီခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ ကင်းစောင့်နေသည့် စစ်သား ၄ဦးသည် ၈ မိုင်ကုန်းတံတားအောက်တွင် စကားပြောဆိုနေစဉ် ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ Yangon-e UG က ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ စစ်သား ၁ ဦး ကျည်ထိမှန်ခဲ့ကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၄ ယောက် စကားပြောနေတာကို ဝင်ပစ်တာ၊ ၁ ယောက်တော့ သေချာထိသွားတယ်၊ သေနိုင်တယ်။ စစ်ခွေးတွေက ပြန်ပစ်တယ်။ Bus ကား ၁ စီး ကွယ်သွားလို့ ခံသာတာ” ဟု Yangon-e UG တပ်ဖွဲ့ဝင်က ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article